Press "Enter" to skip to content

ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၂၀၁၉ခုနှစ် သြဂုတ်လ ၄ရက်နေ့က ဒုက္ခသည်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ကူတူးပါလောင်ဒုက္ခသည်စခန်းနံပါတ် ၄မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးကို တနင်္ဂနွေနေ့ နေ့လည်၂နာရီခွဲ အချိန်ခန့်မှာ Rapid Action Battalion (RAB) အဖွဲ့စည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ထိုရိုဟင်ဂျာနှစ်ဦးကို လူမဆန်စွာ  ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ပြီး RABအဖွဲ့စည်းရဲ့ကားပေါ်ကို ဖမ်းဆီးတင်ဆောင် သွားကြောင်း ရိုဟင်ဂျာ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာမွတ်စလင်နှစ်ဦးကို မည်သည့်နေရာသို့ခေါ်ဆောင်သွားကြောင်း မသိရှိရတာကြောင့် မိသားစု အသိုင်းဝိုင်းတွေက စိုးရိမ်သောက ရောက်နေကြရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ရိုဟင်ဂျာ ဒုက္ခသည်နှစ်ဦးရဲ့ အမည်များမှာ ဦးမူဟမ္မဒ်ကော်ရိမ် (ဘ) ဦးဆော်ယဒ်ကရိမ် (မိ) ရဖိကာဘေဂေါမ် နှင့် ၎င်း၏ညီဖြစ်သူ မောင်အဏ္ဏဝါဟူစိန် အသက်(၁၇)နှစ်တို့ ဖြစ်ကြပါတယ်။ မတရားဖမ်းဆီး ခေါ်ဆောင်ခြင်းခံရတဲ့ ရိုဟင်ဂျာနှစ်ဦးဟာ ပြစ်မှု တစ်စုံတရာ ကျူးလွန်ခြင်းမရှိပေမယ့်လည်း မည်သည့်ပြစ်မှုအကြောင်းပြ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုပင် မသိရှိရသေးပါ။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.