Press "Enter" to skip to content

ရိုဟင်ဂျာဦးရေ ငါးသိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် UNHCRတို့ပူးပေါင်းကာ သက်သေခံကဒ်များ ထုတ်ပေး

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ငါးသိန်းကျော်ကို သက်သေခံ အထောက်အထားတွေ ထုတ်ပေးလိုက်ကြောင်း ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် ၅သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCRတို့ပူးပေါင်းကာ မှတ်ပုံတင်ပေးခဲ့ကြောင်း UNHCRက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မှတ်ပုံတင်ပြီးသူတွေအနေနဲ့ ဦးစွာ သူတို့ဟာ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထား ရရှိတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။တိကျမှန်ကန်တဲ့ ကိုယ်ရေး အချက်အလက်တွေ အားလုံးကိုအတည်ပြုပြီးတဲ့ အသက်၁၂နှစ်အထက် ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCRတို့က ထိုကဒ်တွေကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

မသန်စွမ်းသူတွေ၊ ကလေးတွေနဲ့ အမျိုးသမီးစတဲ့သူတွေ တစ်ဦးချင်းစီရဲ့ သီးသန့်လိုအပ်ချက်တွေနဲ့ အေဂျင်စီတွေရဲ့အစီစဉ်တွေအတွက် မှန်ကန်တိကျတဲ့ အချက်လက်တွေပါတဲ့ ဒီသက်သေခံကဒ်ဟာ အထောက်ကူပြုမှာ ဖြစ်ပါတယ်။

အသစ်မှတ်ပုံတင်ပြီးတဲ့ ကဒ်တွေမှာ မူလဇာတိနိုင်ငံကို မြန်မာနိုင်ငံလို့ ညွှန်းဆိုထားတာကြောင့် ရိုဟင်ဂျာတွေ မူလနေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံက မိမိတို့နေအိမ်တွေဆီ ပြန်မည့်ချိန်မှာ သူတို့ရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအတွက် အရေးပါမည့် အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ကိုယ်ရေးအချက်လက်တွေ မမှားစေဖို့အတွက် အတည်ပြုနိုင်တဲ့ကဒ်တွေကို လူသားချင်းစာနာမှု အဖွဲ့စည်းတွေအနေနဲ့ ဒုက္ခသည်တစ်စုံတစ်ယောက်ကျန်ရှိနေခဲ့ခြင်းတွေ ထပ်နေခြင်းတွေ မဖြစ်အောင် သေချာစိစစ်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လက မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်စလင် ၇သိန်း၎သောင်းကျော်ထွက်ပြေးခဲ့ကြပြီး လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေပေါင်း တစ်သန်းကျော် ခိုလှုံနေကြတာပဲ ဖြစ်ပါတယ်။

Source: Anadolu Agency

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.