ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ နေ့တိုင်းအသွားအလာပြုလုပ်တဲ့ ကုန်းဆင်းလမ်းတစ်နေရာကို ပြုပြင်လမ်းဖောက်ပေးခြင်းမရှိတာကြောင့် အခက်ခဲတွေကို ရင်ဆိုင်နေရကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။
ဟာကင်းမ်ဖာရာ ဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောက်အဦနံပါတ် M-13မှာရှိတဲ့ ကုန်းဆင်းလမ်းဟာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေသွားလာစဉ် မကြာခဏ လျှော်လဲတာတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုအနီးဝန်းကျင်မှာနေတဲ့ ရိုဟင်ဂျာတွေက လူမှုအဖွဲ့အစည်းတွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့တာတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ပြုပြင်ဆောက်လုပ်ပေးတာ မရှိသေးတာကြောင့် သွားလာရေးအခက်ခဲတွေ ရှိနေပေမယ့်လည်း အဆင်ပြေစွာ သွားလာနိုင်ဖို့ မျှော်လင့်ချက်မဲ့နေကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့မှာလည်း ဟာကင်းမ်ဖာရာက ဒုက္ခသည်စခန်းနံပါတ်၎ အဆောက်အဦးနံပါတ် H-8မှာ မြေပြိုကျမှုတွေဖြစ်ပွားခဲ့ပါတယ်။ ယခုလို မိုးရာသီအချိန်မှာ မြေပြိုကျမှုတွေ ရေကြီးမှုတွေ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ ထိခိုက်ဒဏ်ရာရ သေးဆုံးတာတွေ ရှိနေခဲ့ပါတယ်။
၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ အခက်ခဲဒုက္ခမျိုးစုံကိုရင်ဆိုင်နေကြရပြီး လူ့အခွင့်အရေးတွေ ဆုံးရှုံး နေကြရတာပဲ ဖြစ်ပါတယ်။မူလနေရပ်ကိုလည်း မပြန်နိုင်သေးတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ဒုက္ခသည်စခန်းတွေမှာ အနာဂတ်ပျောက်ဆုံးနေကြတာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။