Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ မြေပြိုကျမှုကြောင့် ရိုဟင်ဂျာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၃၀ရက် အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုသူ ခိုလှုံနေထိုင်ရာ တဲအိမ်ပျက်စီးသွားခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အခန်းနံပါတ် ဘီ-၂မှာ မနက် ၅နာရီအချိန်ခန့်က ရိုဟင်ဂျာမိသားစုဝင်တွေ အိမ်ပျော်နေချိန်မှာ မိမိခိုလှုံနေထိုင်ရာ တဲပေါ်ကို မြေပြိုကျမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

မြေပြိုကျမှုကြောင့် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိသူရဲ့ အမည်မှာ ဦးဘော်ဒူရ်အုလ္လာဟ်ဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေတော့ ထိခိုက်ဒဏ်ရာမရရှိပဲ ဘေးပတ်ဝန်းကျင်မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေက အချိန်မှီကယ်တင်နိုင်ခဲ့ပါတယ်။

ခုလိုဖြစ်ပွားမှုဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်သူတွေအဖို့ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပဲ မိုးရာသီအတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မြေပြိုကျမှုတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ အများပြားရှိနေခဲ့ပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%82%e1%81%a4%e1%80%9c%e1%80%ac%e1%80%b8%e1%80%b1%e1%80%92%e1%80%b7%e1%80%9b%e1%80%bd%e1%80%b9%e1%80%92%e1%80%af%e1%80%80%e1%81%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%85%e1%80%81%e1%80%94-5/

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သုတ်သင်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အနေနဲ့ ယခုချိန်ထိ မူလနေရပ်ကို ငြိမ်းချမ်းစွာ ပြန်နိုင်ခွင့် မရရှိသေးပဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ အခက်ခဲတွေကြား ဆက်လက်ခိုလှုံနေထိုင်ကြရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.