Press "Enter" to skip to content

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် ရရှိရေးအတွက် မြန်မာအစိုးရက ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် Ukhiaမှာရှိတဲ့ ကူတုပါလောင်ဒုက္ခသည်စခန်းနံပါတ် ဒီ-၄ မှာ မြန်မာနိုင်ငံခြားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဟိန္ဒူရိုဟင်ဂျာတွေနဲ့တွေ့ဆုံပြီးနောက် မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံခြားသားတွေအဖြစ်သာ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားပေးရေးကိစ္စတွေပေါ်မှာ ဦးမြင့်သူက သူ့အစိုးရဲ့အနေအထားကို အသေးစိတ်တင်ပြရင်း မြန်မာနိုင်ငံသားဆိုင်ရာ ၁၉၈၂ခုနှစ်အက်ဥပဒေအရ နိုင်ငံသားသုံးမျိုးရှိကြောင်းနဲ့ ထိုဥပဒေအရ မြန်မာနိုင်ငံထဲမှာ မျိုးရိုးသုံးဆက်ထိ နေထိုင်လာခဲ့တဲ့ဘယ်သူမဆို ပြုနိုင်ငံသားဖြစ်လာမယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေ တိုက်ရိုက်ဖြစ်မလာရင်တောင်မှ နိုင်ငံသားသုံးမျိုး အက်ဥပဒေအရ သူတို့တွေကို နိုင်ငံခြားသားတွေအဖြစ် မြန်မာနိုင်ငံထဲမှာ တရားဝင် နေထိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုလုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေဟာ အမျိုးသား အိုင်ဒီကတ်တွေ ရရှိသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့အဖွဲ့ဝင် ၁၀ယောက်ကို ဦးဆောင်တဲ့ နိုင်ငံခြားရေးအတွင်းဝန်က ဒုက္ခသည်စခန်းနံပါတ်-၄က ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ရိုဟင်ဂျာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ သူ့ရဲ့နှစ်ရက်တာခရီးစဉ်အတွင်း ပြန်လည်နေရာချထားပေးရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းတွေ အောင်မြင်မှုမရရှိခဲ့ပါဘူး။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာတွေ ယခင်က ငြင်းပယ်ထားခဲ့တဲ့ တူညီတဲ့ ကမ်းလှမ်းချက်တွေနဲ့ပဲ ရောက်လာခဲ့တာဖြစ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်သူ ဦးမိုဟီဘူလ်လာဟ်က ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာ မွတ်စလင်တွေ အနေနဲ့ ADP စခန်းတွေမှာနေထိုင်ရမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကမ်းလှမ်းချက်ကို သဘောမတူကြောင်းနဲ့ နိုင်ငံသားအဖြစ်အာမခံချက်မရှိပဲ ဘယ်ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကမှ မြန်မာကိုပြန်မှာမဟုတ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့က ရိုဟင်ဂျာတွေကို နေရပ်ပြန်လည် ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၈ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့မှာတော့ ရိုဟင်ဂျာတွေကိုပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဖြစ်မြောက်စေဖို့ ထိရောက်တဲ့ စီစဉ်ဆောင်ရွက်မှုဆိုင်ရာ စာတမ်းမှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်အရ ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်ကို စတင်ပြီး၂နှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ပထမတစ်သုပ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ သင့်လျော်တဲ့ ပတ်ဝန်းကျင် အားနည်းမှုတွေကြောင့် ရိုဟင်ဂျာတွေ ပြန်သွားဖို့ ဆန္ဒမရှိတာတွေကြောင့် အကောင်ထည်မဖော်နိုင်ခဲ့ပါဘူး။

 ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်စလင် ၇သိန်း၃သောင်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့ရတာဖြစ်ပြီး သူတို့ဟာ နေရပ်ပြန်သွားရင် ထပ်ပြီး မြန်မာအစိုးရရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ခံရမှာကိုကြောက်ရွံ့နေကြပါတယ်။ မြန်မာအစိုးရရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်မှုတွေနဲ့ မီးရှို့မှုစစ်ဆင်ရေးတွေဟာ လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုမြောက်တယ်လို့ ကုလစုံစမ်းစစ်ဆေးရေးက ပြောကြားခဲ့ပေမယ့်လည်း မြန်မာဘက်ကတော့ ငြင်းဆန်ထားပါတယ်။

Source: thedailystar, Myanmar Muslim Media

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.