ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှာ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ကလေးငယ်တစ်ဦး မိလ္လာတွင်းထဲကို မတော်တဆပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း VOR အဖွဲ့ဝင်တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဟာကင်းဖါရာဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောင်နံပါတ် ၀-၁၅မှာနေထိုင်တဲ့ အသက် ၅နှစ်အရွယ်ကလေးငယ်ဟာ ကျောင်းကပြန်ရောက်ချိန် မိလ္လာတွင်းများရှိရာဘက်သို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ထိုကလေးငယ်ဟာ မိလ္လာတွင်းဖုံးပေါ် သွားရောက်ထိုင်နေချိန် ခိုင်ခံ့မှုမရှိတဲ့ မိလ္လာဖုံး ကျိုးကျပျက်စီးပြီး မိလ္လာတွင်းထဲကို ပြုတ်ကျ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးသူကလေးငယ်ရဲ့ အမည်မှာ အာရီဖူလ် အိစ္စလာမ် (ဘ) ဦးမူဟမ္မဒ်ဟူစိန်နဲ့ (မိ)ဒေါ်မီနာရာဘေဂေါမ်တို့ ဖြစ်ကြပါတယ်။
အစောပိုင်းကာလတွေမှာလည်း မိလ္လာရေပိုက်ဆိုးတွေနဲ့ အညစ်ကြေးတွေကို သေချာစွန့်ပစ်ဖို့ ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ပေးဖို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပေမယ့်လည်း ပြုပြင်ထိန်းသိမ်းမှု တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်း မရှိတာကြောင့် ကျန်းမာရေး ထိခိုက်ခံစားနေရတာတွေ မတော်တဆပြုတ်ကျ သေဆုံးမှုတွေ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။