Press "Enter" to skip to content

မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အစွန်းရောက် ရခိုင်တစ်ဦးဖြစ်သည့် ဦးအောင်ကျော်စိန်က ရိုဟင်ဂျာ တစ်ဦးကို နိုင်ထက်စီးနင်းပြု

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲခန်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်စိန်က ရိုဟင်ဂျာ မွတ်စလင်တစ်ဦးကို ခွဲခြားဆက်ဆံပြီး ၎င်းမောင်းနှင်လာတဲ့ CNG သုံးဘီးယာဉ်ရဲ့ မှန်ကို ရိုက်ခွဲခဲ့ကြောင်း Rohingya Eyeမှ သတင်းပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စနေနေ့(၂၀.၇.၂၀၁၉) ညနေ ၄နာရီအချိန်ခန့်မှာ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဗိုလ်မှူးရွာတွင်နေထိုင်သူ ဦးဖာရုခ် ပိုင်ဆိုင်သည့် အပြာရောင် CNGယာဉ်ကို ယာဉ်မောင်းဖြစ်သူ ဦးအာလီဇူဟားရ်က မောင်းနှင်ကာ လူနာတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပေးရန် သွားရောက်ခဲ့ပါတယ်။

လူနာကို ဆေးရုံသို့ပို့ဆောင်ပေးပြီး ပြန်လည်ထွက်ခွာရန် ပြုလုပ်နေစဉ်အတွင်း ဓာတ်ခွဲခန်းတာဝန်ခံဖြစ်သူ ဦးအောင်ကျော်စိန်က CNGယာဉ်အနားသို့ရောက်ရှိလာပြီး မည်သူပိုင်သည့်ယာဉ်ဖြစ်ကြောင်းကို မေးမြန်းခဲ့ချိန်မှာ ရိုဟင်ဂျာမွတ်စလင်ပိုင်ဆိုင် သည့် ယာဉ်အဖြစ်သိရှိခဲ့ရာ “ကုလားရဲ့ယာဉ်က ဘာကြောင့် ဒီထဲကို ဝင်လာတာလဲ”ဟု ရိုင်းစိုင်းစွာ အော်ငေါက်ပြောဆိုပြီး မှန်ကို ရိုက်ခွဲခဲ့ပါတယ်။

ထိုဓာတ်ခွဲခန်းတာဝန်ခံ ရိုက်ခွဲခဲ့တဲ့ မှန်ရဲ့တန်ဖိုးမှာ ၈၀၀၀၀ကျပ်ဖြစ်ပြီး အစွန်းရောက်သူ တစ်ဦးအနေနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖြစ် မိမိလုပ်ခဲ့သည့် လုပ်ရပ်အတွက် လျော်ကြေးတစ်စုံတစ်ရာ ပေးခြင်းလည်းမရှိကြောင်း သိရပါတယ်။

အစွန်းရောက် တစ်ဦးဖြစ်သည့် ဦးအောင်ကျော်စိန်သည် မောင်တော ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည်မှာ အချိန်ကာလအတော် ကြာမြင့်ပြီဖြစ်ပြီး ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ရောက်ရှိလာသူ ရိုဟင်ဂျာမွတ်စလင်များကို ခွဲခြားဆက်ဆံမှုများ အမြဲတစေ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆေးရုံကို အရေးပေါ် ကုသမှုအတွက် ရောက်ရှိလာတတ်တဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ ကလေးငယ်တွေကအစ ခွဲခြားဆက်ဆံခံရပြီး အရေးပေါ်သွေးလိုအပ်မှုရှိခဲ့လျင် လျစ်လျူရှုမှုတွေပြုလုပ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့သူတွေလည်းရှိကြောင်း သိရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.