Press "Enter" to skip to content

H1N1 ရာသီတုပ်ကွေးကြောင့် မောင်တောမြို့နယ်တွင် ရိုဟင်ဂျာအမျိုးသမီးငယ် တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုဟာ H1N1 ရာသီတုပ်ကွေးရောဂါကို ကူးစက်ခံစားနေကြရပြီး ထိုရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ကျန်ရှိနေသူတစ်ချို့လည်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုမရရှိပဲ ဖြစ်နေကြောင်း ROHINGYA EYEက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေများပြားနေချိန်မှာ မောင်တောမြို့နယ် ရက်ကွက် (၅)မှာ နေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသမီးငယ် တစ်ဦးဖြစ်တဲ့ မလာလ်ဘီ(ဘ) လာလ်မျှာ အသက်(၁၂)နှစ်က ဇူလိုင်လ ၅ရက်နေ့မှာ ဆေးကုသမှုမခံယူနိုင်ပဲ နေအိမ်တွင်းမှာပဲ သေဆုံးသွားတယ်လို့ သိရှိရပါတယ်။

ရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာတစ်ချို့ ဆေးကုသရန် သွားပေမယ့်လည်း မောင်တောမြို့နယ် ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေက ရိုဟင်ဂျာတွေကို ဆေးကုသမှု မပြုလုပ်ပေးပဲ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်စလင်တွေဟာ ပညာရေး၊ ကျန်းမာရေး၊ သွားလာနေထိုင်ရေးစတဲ့ အရာတွေအားလုံးမှာ ခွဲခြားဆက်ဆံမှုတွေ ခံစားနေရတာ ဆယ်စုနှစ်မြောက်များစွာ ရှိနေပြီပဲ ဖြစ်ပါတယ်။

H1N1 ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေကို ကျန်းမာရေးဌာနအနေနဲ့ စာရင်းပြု စောင့်ကြည့်နေတယ်လို့ ပြည်တွင်းသတင်းအများပြားမှာ ဖော်ပြထားပေမယ့် ရိုဟင်ဂျာမွတ်စလင်တွေကိုတော့ ကျန်းမာရေး ကူညီစောင့်ရှောက်မှု တစ်စုံတရာမှ ပေးနေတာ မတွေ့ရှိရပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရာသီတုပ်ကွေး ရောဂါပိုးကြောင့် သေဆုံးသူ မရှိပေမယ့် ယခုနှစ်မှာတော့ ရိုဟင်ဂျာ မွတ်စလင်အပါအဝင် သေဆုံးသူတွေ အများပြားရှိနေပါတယ်။

Photo: mynation

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.