Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် မြေပြိုကျမှုကြောင့် ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး သေဆုံး

၂၀၁၉ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရိုဟင်ဂျာ ဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

Nayafaraမှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၆မှာ မုတ်သုံမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ရာမှာ တောင်ကုန်းတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ နေအိမ်တွေပျက်စီးခဲ့ရပြီး ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ရုပ်အလောင်းကိုတော့ နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့စည်းတစ်ခုဖြစ်တဲ့ EDARAက ဦးဆောင် သဂြိုလ်ပေးခဲ့ပါတယ်။ တစ်ဘက်မှာလည်း သေးငယ်ကျဉ်းမြောင်းပြီး ဆောက်လုပ်မှု မပြီးစီးသေးတဲ့ လမ်းတွေကြောင့် Balukhali-၂က စခန်းနံပါတ် ၁၁နှင့် ၁၂တို့မှာနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ မိမိတို့ ခိုလှုံရာ တဲတွေဆီကို တောင်ကုန်းစောင်းတွေကနေ ဖြတ်လျှောက်သွားဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခက်ခဲတွေကို ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေက လမ်းတွေ ပြင်ဆင်ဆောက်လုပ်ပေးဖို့ နိုင်ငံတကာ အဖွဲ့စည်းတွေကို တောင်းဆိုခဲ့ပေမယ့်လည်း ယခုချိန်ထိ မည်သည့်အဖွဲ့စည်းကမှ ကူညီ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

ဇူလိုင်လအတွင်းမှာ မုတ်သုံရာသီဥတုကြောင့် ရေကြီးမှု မြေပြိုကျမှုတွေဖြစ်ခဲ့ပြီး မြောက်များစွာသော ရိုဟင်ဂျာတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အပြင် ဒဏ်ရာရရှိသူတွေများပြားပြီး သေဆုံးသူ ၁၀ဦးထက်မနည်းရှိကြောင်း သိရှိရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.