Press "Enter" to skip to content

မုတ်သုံရာသီဥတုကြောင့် ရိုဟင်ဂျာမြောက်များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး တစ်ဦးသေဆုံး၊၁၁ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေပြိုကြပြီး လူတစ်ဦးသေဆုံး၊ လူပေါင်း ၄၅၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကောဇ့်ဘဇားက ရိုဟင်ဂျာ စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ မိုးရွာသွန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က စပြီး မြေပြိုကျတာလို့ ကုလသမဂ္ဂက ပြောပါတယ်။

 မြန်မာပြည်ဘက်က ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ဒုက္ခသည် ၉သိန်း နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲက တဲအိမ် ၂၇၃လုံးခန့် ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁ဦးအထိရှိနေကြောင်းနဲ့ လူထောင်ချီ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ကုလသမဂ္ဂက အရေးပေါ်သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းပေါင်း ၃၀ လောက်မှာ လေပြင်းဒဏ် သင့်ခဲ့ရပြီး အသက် ၅၀ ကျော် အရွယ် အမျိုးသမီး တဦးကတော့ ပြိုကျတဲ့ နံရံနဲ့ ရိုက်မိတာကြောင့် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ ၀န်ထမ်း Areez Rahman က AFP သတင်းအေဂျင်စီကို ပြောပါတယ်။

ကူတုပါလောင် ဒုက္ခသည်စခန်းမှာခိုလှုံနေထိုင်တဲ့ အသက်လေးဆယ်အရွယ် နူးရ်မိုဟမ္မဒ်ကလည်း သူ့ဆွေမျိုးတွေက တောင်ကုန်းပေါ်မှာ တာပေါ်လင်နဲ့ ကာရံဆောက်လုပ်ထားတဲ့ သူတို့နေထိုင်ရာ တဲတွေကနေ ထွက်ပြေးပြီး သူ့ဆီ လာရောက်ခိုလှုံနေထိုင်ကြောင်းနဲ့ ထိုလူအုပ်ကြီးကို ကျွေးမွေးဖို့ အခက်ခဲရှိကြောင်း ပြောဆိုခဲ့ပါတယ်။

 မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က လူမဲ့ဇုန် မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၅၀၀၀ ခန့် မိုးသက်လေပြင်းဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ကြရပါတယ်။ ကလေးသူငယ်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားနေကြရပြီး သောက်သုံးရေ လုံလောက်မှုမရှိကြောင်း ဒုက္ခသည် စခန်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ  Dil Mohammadက AFP သတင်းအေဂျင်စီကို ဆက်သွယ် ပြောကြားခဲ့ပါတယ်။

ဒုက္ခသည်စခန်းအများပြားမှာ ဒူးအထက် ရေးကြီးနေခြင်းဟာ မြန်မာအာဏာပိုင်တွေက မြစ်အနီးမှာ ဆည်ဆောက်လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း မိုးသက်လေပြင်းတွေ ကျရောက်မှုကြောင့် ဒုက္ခသည်စခန်းမှာ လူဦးရေ ၁၇၀သေဆုံးခဲ့ကြပါတယ်။

Source: bbc
Photo: HRW

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.