မြန်မာအစိုးရက ရိုဟင်ဂျာဒုက္ခသည်အရေးကို အချိန်ဆွဲဖန်တီးနေပြီး အခြေအနေမှန်ကို ဖုံးကွယ်နေတဲ့ နေပြည်တော် အခန်းကဏ္ဍနဲ့ ရိုဟင်ဂျာအရေးကိစ္စကို ဘေးချိတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာရဲ့ ၀ါဒဖြန့်မှုတွေကို ဆန့်ကျင်သွားဖို့ အရေးပါတဲ့အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူလ်မိုမန်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ရှုပ်ထွေးမှုမရှိအောင် စာရွက်စာတမ်းတွေ ပြင်ဆင်သွားဖို့ သူ့ရဲ့ဝန်ကြီးဌာနကို မှာကြားထားပြီးဖြစ်ကြောင်းနဲ့ အဲ့ဒီအချက်အလက် စာရွက် စာတမ်းတွေကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံဆီကို ပေးပို့သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာမြန်မာနိုင်ငံသားတွေဖြစ်ကြောင်းကို ငြင်းဆန်ဖို့ မြန်မာအစိုးရက သိသာထင်ရှားတဲ့ ရည်ရွယ်ချက်နဲ့ မှားယွင်းတဲ့သတင်းအချက်အလက် ပုံစံမျိုးစုံကို ဖြန့်ဝေနေခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးမိုမန်ကပြောကြားခဲ့ကြောင်း BSS သတင်းဌာနကဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသူ ရိုဟင်ဂျာ၅သန်းပဲ ရှိနေတယ်လို့ နေပြည်တော်က ယူဆဖို့ကြိုးစားနေပြီး သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ လှုံ့ဆော်ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရက ရိုဟင်ဂျာအရေးအခြေအနေအမှန်ကို လှုံ့ဆော်ဝါဒဖြန်မှုတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားနေပြီး ကမ္ဘာကိုရှုတ်ထွေးမှုတွေဖြစ်စေဖို့ လုပ်ကြံဖန်တီးထားတဲ့ အစီရင်ခံစာတွေ ဖန်တီးဖို့ နေပြည်တော်က မတူညီတဲ့အဖွဲ့အစည်းတွေကို ခန့်အပ်ခဲ့ကြောင်း သူကပြောကြားခဲ့ပါတယ်။
မြန်မာက အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ဘင်္ဂလားဒေ့ရှ်ကို သွားရောက်စေချင်တယ်ဆိုတာ ဒါကာက သိလာခဲ့ရတယ်။ ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေပြီး အမြဲတမ်းလည်း ရှင်းလင်းစွာ ရှိပါတယ်။ ဒါပေမယ့် မြန်မာအစိုးရကတော့ သူတို့ရဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာ မရှိသေးပါဘူးလို့ ဝန်ကြီးမိုမန်ကပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာခေါင်းဆောင်တစ်ချို့ကိုခေါ်ပြီး သူတို့ပြန်လာတဲ့အခါ ဘေးကင်းလုံခြုံမှု ရှိကြောင်း လက်တွေ့ပြသဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို ကာလရှည်ကြာ တိုက်တွန်း နေခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဝန်ကြီးကအာဆီယံအစီရင်ခံစာကို ပယ်ချခဲ့ပြီး ထိုအစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေရဲ့မွေးရပ်မြေ ရခိုင်ပြည်နယ်ထဲမှာ ဥပမာအနေနဲ့မြန်မာရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေလုပ်ဆောင်ခဲ့တဲ့ ရွာပေါင်း၈၀၀ထဲက နှစ်ရွာထဲကိုပဲ ရွေးထုတ်ဖော်ပြခဲ့တာဟာ လိုရာစွဲမမှန်မကန်ဖော်ပြထားတဲ့အချက် အလက်တွေနဲ့အတူ လှည့်စားထားတဲ့အစီရင်ခံစာတစ်ခုပဲဖြစ်ပါတယ်”လို့ ၀န်ကြီးမိုမန်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ၁.၁သန်းကျော်ရှိပြီး အများစုဟာ၂၀၁၇ သြဂုတ် ၂၅ရက်နေ့ကတည်းက မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အသက်လုထွက်ပြေးလာခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
Source: dhakatribune, Myanmar Muslim Media
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။