Press "Enter" to skip to content

ဖုံညိုလိပ်အုပ်စုတွင်းမှ ရိုဟင်ဂျာများကို အုပ်ချုပ်ရေးမှူးဟောင်းက ညှင်ပမ်းနှိပ်စက် ရိုက်နှက်မှုတွေ ပြုလုပ်နေ

ဘူးသီးတောင်မြို့။     ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဖုံညိုလိပ်ကျေးရွာအုပ်စုနေ ရိုဟင်ဂျာ မွတ်စလင်များကို ရိုင်းစိုင်းစွာ ဆဲဆို ရိုက်နှက် ညှင်းပမ်းနှိပ်စက်မှုတွေပြုလုပ်နေကြောင်း ဒေသခံများက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၁၆ ရက်နေ့မှာ ဖုံညိုလိပ်ကျေးရွာအုပ်စုတွင်းနေထိုင်သူ အုပ်ချုပ်ရေးမှူးဟောင်း မောင်စိုးဝင်းက ကျေးရွာတွင်းနေထိုင်သူ ဆင်းရဲနွမ်းပါးတဲ့ ရိုဟင်ဂျာတွေကို နိုင်ထက်စီးနင်းတွေ ပြုလုပ်ကြောင်း သိရပါတယ်။

ရွာရှည်ရွာမှာ နေထိုင်တဲ့ ဦးဖော်ဇော်လ်အာမတ်၏ သားဖြစ်သူ ဦးရှော်ဘီအုလ္လာက မောင်စိုးဝင်းထံမှ ရရှိရန်ရှိတဲ့ မိမိတစ်နေ့တာ ငါးရောင်းဝမ်းစာရှာရငွေကို တောင်းခံခဲ့ရာ မောင်စိုးဝင်းက မိမိပေးဆပ်ရန်ရှိတဲ့ အကြွေးကို မပေးတဲ့အပြင် ရိုက်နှက် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် ဇွန်လ ၁၂ ရက်မှာလည်း​ ရွာရှည်​ရွာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ရွာတွင်းရှိ လမ်းငယ်​တွေကိုပြုပြင်​ရာမှာ မောင်စိုးဝင်းရဲ့ လယ်​မြေက ​မြေတွေ တူးယူခဲ့တယ်လို့ မဟုတ်​မမှန်​​ စွပ်စွဲပြောဆိုပြီး  ရွာရှည်​ရွာ​နေ ဘာဆဲရ်​(ဘ)​ဖေါ်​ဇောလ်​အာမတ်​ (၄၀) နှစ်​၊ ​ရှော်​ဘိရ်​အာမတ်​(ဘ)​ဘော်​​ရှော်​ရ်​ (၂၃) နှစ်​နှင့် ဟာလာ (၄၅) နှစ်​တို့ကို လူမဆန်​စွာညှင်းပမ်း နှိပ်စက်မှုတွေ ပြုလုပ်​ခဲ့ပါတယ်။

ဇွန်လ ၁၀ရက်နေ့မှာလည်း ရာအိမ်​မူး ​ဇော်​​ဘောရ်​(ဘ)အဒူလာမိန်​ (၄၅)နှစ်​ ကိုလည်းရိုက်​နှက်​ခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်​ရွာမှာ တည်ရှိတဲ့ဘုန်းကြီး​ကျောင်းဟာ​ ရွာချည်​ရွာနှင်​ကပ်​လျက်​ရှိပြီး ထိုရိုဟင်ဂျာများ နေထိုင်ရာရွာကို ထုတ်​ပယ်​ပြီး   ​ဘုန်​ကြီး​ကျောင်းဧရိယာ ကျယ်​​ဝန်းအောင်​လုပ်​နိုင်​ဖို့​ ရိုဟင်​ဂျာတွေကို မိမိတို့ ကျေးရွာတွင်း ဆက်လက်မနေနိုင်အောင် နှိပ်စက်​ပြီး ထွက်​​ပြေး​သွားကြစေရန် ကြံစည်ဆောင်ရွက် နေတာသာဖြစ်ကြောင်း ​သိရပါတယ်​။

 မောင်စိုးဝင်းအနေနဲ့​ ၂၀၁၅ ​ရွေး​ကောက်​ပွဲမှာ​ အုပ်​ချုပ်​​ရေးမှူးဖြစ်​လာပြီး ရိုဟင်​ဂျာတွေကို ညှင်းပမ်းနှိပ်စက် ရိုက်နှက်မှုတွေသာ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။တရားမျှတမှု ရရှိဖို့ မဖြစ်နိုင်တာကိုသိတဲ့ ကျေးရွာနေ အပြစ်မဲ့ ရိုဟင်ဂျာတွေက  ဇွန်လ တစ်လအတွင်းမှာပဲ လူအမြောက်များကို ညှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်နေတဲ့ မောင်စိုးဝင်းကို သက်ဆိုင်ရာတွေဆီ တိုင်ကြားအမှုဖွင့်ဖို့လည်း ကြောက်ရွံ့နေကြပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.