Press "Enter" to skip to content

ရိုဟင်ဂျာကလေးငယ်တို့ အနာဂတ်ပညာရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ အကူညီများလိုအပ်နေ

ဘူးသီးတောင်မြို့။     ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြသော ရိုဟင်ဂျာ ကလေးငယ်များ၏ အနာဂတ်ပညာရေးအတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း ကျေးရွာနေသူ တစ်ဦးက သတင်းပေးပို့ထားပါတယ်။

ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး ကျေးရွာတွင်း နေထိုင်သူဦးရေ စုစုပေါင်း (၅၀၀၀) ကျော်ခန့်ရှိပါတယ်။ ပညာသင်အရွယ် ကလေးငယ် (၄၀၀) ကျော်ရှိပြီး ၄င်းတို့ထဲမှာ ကလေးငယ်ပေါင်း (၁၅၀)ခန့်က ပညာသင်ကြားနိုင်ခြင်းမရှိကြောင်း သိရပါတယ်။

ထိုကလေးငယ်များ၏ မိဘများမှာ လွန်စွာမှ ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး နေ့စဉ်ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေကြရသူများ ဖြစ်ကြပါတယ်။ သားသမီးများရဲ့ နောင်ရေးအတွက် ပညာသင်ကြားစေလိုကြပေမယ့် ငွေကြေးဆင်းရဲ ချို့တဲ့မှုကြောင့် အနာဂတ်ပျောက်နေကြရပါတယ်။

https://rohingyavision.com/burmese/%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%B9%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%99%E1%80%9B%E1%80%9B%E1%80%BD%E1%80%AD%E1%80%90%E1%80%B2/

ဘုရားပြင်အောင်ပကျေးရွာမှ တာဝန်သိပြည်သူတစ်ဦးက “ ကျွန်တော်တို့ ကျေးရွာထဲက ကလေးတွေကို စာသင်ပေးနိုင်မယ့် ဆရာတွေစုစည်းပြီး ပညာသင်ကြားပေးနိုင်အောင် စီစဉ်ချင်ပေမယ့် ဆင်းရဲနွမ်းပါးသူ ဆရာများ အနေနဲ့ စေတနာ့ဝန်ထမ်းလုပ်ကိုင် ကူညီဖို့ အခက်ခဲရှိနေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူညီများ လိုအပ်နေကြောင်း” ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက အဖက်ဖက်က ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်နေတာမှာ ဆယ်စုနှစ်မကတော့ပါဘူး။ ရိုဟင်ဂျာတို့ရဲ့ သွားလာမှုတွေကို ကန့်သတ်ချုပ်ထိန်းထားတဲ့အပြင် ပညာသင်ကြားခွင့်တွေကိုလည်း ပိတ်ပင်ထားပါတယ်။

ရိုဟင်ဂျာကလေးငယ်တွေဟာ မိမိတို့ ပညာသင်ယူရမယ့်အရွယ်မှာ ပညာကောင်းမွန်စွာ သင်ကြားခွင့်မရရှိတာကြောင့် အနာဂတ် ပျောက်ဆုံးနေကြရပါတယ်။ အနာဂတ်ကြယ်ပွင့်တွေအဖြစ် ထွန်းလင်းတောက်ပလာမယ့် ရိုဟင်ဂျာလူငယ်တွေကို မြန်မာအစိုးရက ပညာသင်ကြားခွင့် ပိတ်ပင်ပြီး နည်းစနစ်ကျကျ မျိုးသုဉ်းသွားအောင် အဘက်ဘက်က ကြံစည်ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

Photo Credit: nationmultimedia

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.