Press "Enter" to skip to content

မသီတာထွေးအောက်မေ့ဖွယ် အခမ်းအနားကို ခွင့်ပြုချက်မယူပဲ ကျင်းပရန် ကြိုးစားနေ

By အပုချေ ( မာန်အောင်ကျွန်း )

ကျောက်နီမော်။ ။ ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ဒေသမှာ ၂၈ ၊ ၅ ၊ ၂၀၁၉ နေ့ မသီတာထွေးသေဆုံးခြင်း နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး ရခိုင်နိုင်ငံရေးသမား တစ်ချို့နှင့် ရခိုင်အစွန်းရောက်တစ်ချို့တို့ဟာ သက်ဆိုင်ရာက ခွင့်ပြုချက်မယူပဲ လူ ၄၀၀ ဦးခန့် စုဝေးပြီး ဒေသတွင်း ဆူပူမှုဖြစ်အောင် ဖန်တီးနေကြောင်း သိရပါတယ်။

အဆိုပါ ခွင့်ပြုချက်မဲ့ အခမ်းအနားကို ဦးဆောင်သူများမှာ ကျောက်နီမော်  စံပြရပ်ကွက်မှ ဦးဘညွန့် ၊ ရခိုင်စုရပ်ကွက်မှ ကြည်မင်းနှင့် ရွှေဘဆိုသူတို့ဖြစ်ကြပြီး မသီတာထွေး အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ကြဖို့ ဒေသတွင်း ကျေးရွာတွေမှာ စည်းရုံးနေကြောင်း သိရပါတယ်။

၂၀၁၂ အောက်တိုဘာလ ၈ ရက်နေ့မှာ ရခိုင်အမျိုးသမီး ကျောင်းဆရာမတစ်ဦးကို ရခိုင်လူငယ် ၄ ဦးက ထပ်ပြီး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့လို့ ကျောက်နီမော် တိုက်နယ်ဆေးရုံမှာ သေဆုံးခဲ့ပေမယ့် ၎င်းမှုခင်းကိုတော့ ရခိုင်နိုင်ငံရေးသမားတွေ စိတ်မ၀င်စားရုံမက သတင်းတွေ ထိန်ချန်မှုတွေပါ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၁၂ အောက်တိုဘာလက မုဒိမ်းမှုကို အပြည့်အစုံဖတ်ချင်ရင် ဖော်ပြပါ Rohingya Blogger ထဲသို့ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။

http://burmese.rohingyablogger.com/2013/10/blog-post_7111.html?m=1

၂၀၁၂ ခုနှစ်တုန်းက မသီတာထွေးအမှုမှာ အထောက်အထားမဲ့ အဖမ်းခံခဲ့ရတဲ့ ခေါင်းဆောင် ထက်ထက်ဆိုသူကို ရခိုင်နိုင်ငံရေးသမားတွေက ဘင်္ဂါလီအဖြစ် ပုံဖော်ခဲ့ကြပေမယ့် အမှန်တကယ်မှာတော့ ထက်ထက်ရဲ့ဖခင် ကိုကျော်သောင်းက ရခိုင်ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါးက ဆင်းသက်လာသူပဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲ ရမ်းဗြဲမြို့နယ် ၊ ကန်ဒိုင်းတိုက်နယ်မှာ တာဝန်ကျနေတဲ့ ရခိုင်အမျိုးသမီး ကျောင်းဆရာမလေး မမေဇင်နှင်းကို ရခိုင်လူမျိုးကပဲ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမှုအစ အရွယ်မရောက်သေးတဲ့ ၁၂ နှစ်အရွယ် လူမမယ် ရခိုင်အမျိုးသမီးလေးကို စစ်သားက မုဒိမ်းကျင့်လို့ မရှု့မလှ သေခဲ့ရတဲ့ အမှုအဆုံး အမှုပေါင်း ရာနီးပါးခန့်ရှိခဲ့တဲ့ အမှုတွေထဲကမှ မသီတာထွေးရဲ့အမှုကိုပဲ ရခိုင်နိုင်ငံရေးသမားတွေနဲ့ ရခိုင်အစွန်းရောက်တွေ ပိုစိတ်ဝင်စားနေကြတာကာ ထူးဆန်းအံ့သြဖွယ်ရာတစ်ခု ဖြစ်နေပါတယ်။

သေဆုံးသူတစ်ဦးကို အကြောင်းပြပြီး အကြိမ်ကြိမ် နိုင်ငံရေးအမြတ်ထုတ်တဲ့ခေတ် ကုန်ပြီလို့ ရိုးသားစွာ ပြောပါရစေ။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.