Press "Enter" to skip to content

ကျောက်တော်မြို့တွင် ရိုဟင်ဂျာသားအဖနှစ်ဦး အမြောက်ကျည်ဆံ ထိမှန်သေဆုံး

ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရိုဟင်ဂျာမွတ်စလင် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့၈နှစ်အရွယ်သားဖြစ်သူတို့ မန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ အမြောက်ကျည်ဆံ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကျောက်တော်မြို့နယ်ရှိ မွတ်စလင်အများစု နေထိုင်ရာ ကျေးရွာဖြစ်တဲ့ အလယ်ကျွန်းကျေးရွာမှ အိမ်တစ်အိမ်ကို အမြောက်ကျည်ဆံ ထိမှန်ခဲ့တာကြောင့် ကျေးရွာတွင်းနေထိုင်သူ ရိုဟင်ဂျာ မွတ်စလင် နှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲအရာရှိက အတည်ပြု ပြောကြားခဲ့ပါတယ်။

 ရိုဟင်ဂျာ အမျိုးသားဖြစ်တဲ့ ဦးရှော်ဘီက သားနှစ်ယောက်နဲ့အတူအိမ်မှာရှိနေချိန်မှာ အမြောက်ကြည်ထိမှန်ခဲ့တာဖြစ်ပြီး  အဖေနဲ့သားတစ်ယောက် ထိုနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့သလို နောက်သားတစ်ယောက်ကလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

https://rohingyavision.com/burmese/2019/04/22/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-aa%E1%80%90%E1%80%AD%E1%80%AF%E1%82%94/

အမြောက်ကျည်ဆံထိမှန်ပြီး အသက် (၃၈)နှစ် အရွယ်ရှိတဲ့ ဦးရှော်ဘီနဲ့ သူ့ရဲ့၈နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးခဲ့ပြီး ၁၅နှစ်အရွယ် သားတစ်ယောက်ကတော့ ဒဏ်ရာရရှိခဲ့ကြောင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ ရွာသားတစ်ဦးကတော့ ဒါဟာမြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေရာတ၀ိုက်က ကျေးရွာတွေမှာ  မြန်မာစစ်တပ်ရဲ့ အမြောက်ကျည်ဆံတွေ မကြာခဏ ကျရောက်မှုရှိတာကြောင့် ယခုအကြိမ်မှာလည်း မြန်မာစစ်တပ်ရဲ့ လက်ချက်ပဲ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ် မြောက်တောင်ကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာစစ်တပ်နဲ့ အေအေတို့ရဲ့ ပစ်ခတ်မှုတွေကြောင့် ၁၀နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မကြာခဏဆိုသလို အပြစ်မဲ့ ဒေသခံ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးနေကြရတာပဲ ဖြစ်ပါတယ်။

Source: Anadolu Agency

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.