Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင်းရှိ ကျေးရွာအများပြားတွင် သောက်သုံးရေရှားပါးမှုများနှင့် ရင်ဆိုင်နေရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်နှင့် ကွန်တိုင်ကျေးရွာအုပ်စုတို့တွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များ နေ့စဉ်သောက်သုံး ရေရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

နွေရာသီရဲ့ပူပြင်းခြောက်သွေ့မှုကြောင့် ကျေးရွာတွင်းမှာရှိတဲ့ အင်း၊အိုင်၊ရေကန်တွေအားလုံး ခမ်းခြောက်လာပြီး ဒေသခံပြည်သူတွေရဲ့ သောက်သုံးရေအတွက် လွန်စွာမှ ခက်ခဲဒုက္ခများကို ကြုံတွေ့နေကြရပါတယ်။

ယခုလက်ရှိ ရေရှားပါးမှု ပြသနာတွေ ရင်ဆိုင်နေရတဲ့ ရွက်ညိုတောင်မှာ အိမ်ခြေစုစုပေါင်း (၄၈၀)ရှိပြီး လူဦးရေ (၃၀၀၀)ခန့်နေထိုင်ကြပါတယ်။ ကွန်တိုင်ကျေးရွာမှာတော့ အိမ်ခြေစုစုပေါင်း (၆၇၀)ကျော်ရှိပြီး ကျေးရွာတွင်းနေထိုင်သူ လူဦးရေစုစုပေါင်း (၅၀၀၀)ခန့် ရှိကြောင်းသိရပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမသွာန်(ဥပုသ်လ)လည်းဖြစ်ပြီး ပူပြင်းတဲ့နွေရာသီ ကိုလည်း အန်တုနေရချိန်မှာ ဘူးသီးတောင်မြို့နယ်ရဲ့ ကျေးရွာအမြောက်အများမှာ သောက်သုံးရေ ပြတ်လတ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ရိုဟင်ဂျာ မွတ်စလင်တို့ရဲ့ နေ့စဉ်ရှင်သန် နေထိုင်မှုအတွက်ပါ ခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

https://rohingyavision.com/burmese/2019/05/20/%E1%80%9B%E1%80%99%E1%80%9E%E1%80%BC%E1%80%AC%E1%80%94%E1%80%B9%E1%80%A5%E1%80%95%E1%80%AF%E1%80%9E%E1%80%B9%E1%80%9C%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%98%E1%80%AF%E1%80%9B%E1%80%AC/

မြန်မာစစ်တပ်နဲ့ (AA) တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကျေးရွာနေပြည်သူတွေ ချောင်းများရှိရာအရပ်သို့ ရေခပ်သွားရန်လည်း အခက်ခဲများရှိနေကြပါတယ်။ ကျေးရွာပတ်ပတ်လည်မှာ မြေမြှပ်မိုင်းတွေ မြှပ်နှံထားတာကြောင့် မြေမြှပ်မိုင်းတွေပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ ရှိခဲ့ပြီး ကျေးရွာပြင်ပသို့ ရေခပ်ထွက်ရန်ပင် ကြောက်ရွံ့နေကြပါတယ်။

ရေရှားပါးမှုများနှင့် ရင်ဆိုင်နေကြရသည့် ကျေးရွာများတွင် အဝီစိရေတွင်းများ တူးနိုင်ပါက သောက်သုံးရေ ပြတ်လတ်မှုတွေကို ဖြေရှင်းနိုင်မှာ ဖြစ်သော်ငြားလည်း ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသည့် ရိုဟင်ဂျာများက ငွေကြေး မတတ်နိုင်တာကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ အကူညီများအမြန်ဆုံး လိုအပ်လျက်ရှိနေပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.