မြန်မာနိုင်ငံ၏ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေ ကျူးလွန်ခဲ့တဲ့အပြင် ဆိုရှယ်မီဒီယာကနေတစ်ဆင့် လူမျိုးရေးမုန်းတီးမှု တွေဖြစ်ပေါ်စေမယ့် အမုန်းစကားတွေ ဖြန့်ဝေနေတဲ့အတွက် ၄င်းလက်ရှိ သုံးစွဲနေတဲ့ အကောင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တွစ်တာက ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုရှယ်မီဒီယာတွေအသုံးပြုပြီး ရိုဟင်ဂျာတွေကို နှိမ်နှင်းတိုက်ဖျက်ရေး ဝါဒဖြန့်မှုတွေ ပြုလုပ်နေတာကြောင့် ၂၀၁၈ခုနှစ် သြဂုတ်လမှာ ၄င်းရဲ့အကောင့်နှင့်အတူ မြန်မာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို Facebookက ပိတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
Facebook အကောင့် ပိတ်ခံရပြီးနောက် အသုံးပြုခဲ့တဲ့ ဆိုရှယ်မီဒီယာအကောင့်ဖြစ်တဲ့ VK အကောင့်ကလည်း ဖွင့်ပြီး မကြာခင်မှာဘဲ အပိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။၎င်းကရိုဟင်ဂျာတွေကို ဆိုရှယ်မီဒီယာမှာ “ဘင်္ဂါလီ”လို့သာ အမြဲသုံးနှုန်းလေ့ရှိပြီး မြန်မာနိုင်ငံသားဟု အသိမှတ်မပြုပဲ တိုင်းတပါးမှ ဝင်ရောက်ခိုလှုံလာသူတွေအဖြစ် အမြဲညွှန်းဆိုရေးသားလေ့ ရှိပါတယ်။
၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေုးပြုလုပ်ချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် ၇သိန်းကျော်ကို နှင်ထုတ်ခဲ့တာကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ကော့ဇ်ဘာဇားခရိုင်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူ ရိုဟင်ဂျာ ဦးရေပေါင်း တစ်သန်းခန့်ရှိပြီး မြန်မာအစိုးရက ထိုသူတို့ မိမိနေရပ်ကို ပြန်လာနိုင်အောင်လည်း အကောင်ထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိပါ။
Source: TheGuardian
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။