Press "Enter" to skip to content

ဒုက္ခသည်စခန်းမှာ ပြန်လည်အသက်ဝင်လာတဲ့ ကြည်နူးဖွယ်ရာ ရိုဟင်ဂျာ ကျေးလက်ရိုးရာ အနုပညာ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အသက် (၈၀) အရွယ်ခန့်ရောက်ရှိနေပြီဖြစ်တဲ့ ဆေးလိပ်ဖွာရင်း တေးသီချင်းတွေကို သီဆိုနေသူတစ်ဦးဖြစ်တဲ့ ရိုဟင်ဂျာအဖိုးအို ဦးဂူတာမျှာက သူ့မျက်လုံးတွေကို မှိတ်ပြီး ဆေးလိပ်တစ်လိပ်ကို ထပ်မံမီးညှိလိုက်ပြီး ရိုဟင်ဂျာ ကျေးလက်ရိုးရာ တေးသီချင်းတစ်ပုဒ်ရဲ့ စာသားတွေကို စတင်ညည်းတွားလိုက်ပါတယ်။

အသက်အရွယ် အိုမင်းပြီဖြစ်တဲ့ အဖိုးအိုက ကျွန်တော့်ရဲ့ လည်ချောင်းက သိပ်အဆင်မပြေ ဖြစ်နေတာကြောင့် တောင်းပန်ပါတယ်လို့ပြောပြီး သူ့ရဲ့ရာသက်ပန် သူငယ်ချင်းတစ်ဦးဖြစ်တဲ့ တယောသမားဖြစ်သူ အာမိရ်အာလီနဲ့အတူ သူ့အိမ်မှာ အတူရှိနေခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြစဉ် သူတို့ရဲ့ ငယ်ရွယ်တဲ့ အချိန်ကာလမှာ မင်္ဂဆောင်ပွဲတွေအတွက် တေးသီချင်းဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြပြီး သူတို့ရဲ့ ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက် နယ်စပ်ကိုသွားရောက်ပြီး လသာတဲ့ ညတွေမှာ စပါးခင်တွေရဲ့ဘေး ရိုဟင်ဂျာ ကျေးလက်သီချင်းတွေကို ဆိုညည်းခဲ့ကြတာပါ။

အာမိရ်အာလီက ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း သီချင်းတွေနဲ့ ဖျော်ဖြေဖို့သွားခဲ့ကြရတယ်။ တစ်ခါတစ်ရံ ရက်၂၀လောက် အိမ်ကိုမပြန်ပဲ နေခဲ့ကြရတယ်လို့ ပြောပါတယ်။ခုချိန်မှာတော့ သူတို့ရဲ့ နေရာဟာ ဝါးတွေနဲ့ အမိုးအကာပြုလုပ်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ဖြစ်နေခဲ့ပါပြီ။

ဒုက္ခသည်စခန်းမှာ သူတို့ရဲ့ ဒုက္ခသည်အဖော်တွေက ပရိတ်သတ်တွေဖြစ်လာပြီး သူတို့တွေဟာ ဆယ်စုနှစ်များစွာမှာ ဂီတကို ပထမဦးဆုံး လွတ်လပ်စွာ တီးမှုတ်သီဆိုခွင့် ရရှိတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ချိန် လူဆယ်ဦးထက်ပိုပြီး စုလို့တောင်မရခဲ့တဲ့ အခြေနေမှာ ကျွန်တော်တို့ဟာ ရိုးရာဂီတကို လွှတ်လပ်စွာ သီဆိုခွင့် မရရှိခဲ့ဘူးလို့ ဝမ်းနည်းစွာ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ အဘက်ဘက်က ပိတ်ပင်တားဆီးမှုတွေကို ခံကြရတာကြောင့် မိမိတို့နေရပ်ဒေသကနေ မြန်မာနိုင်ငံရဲ့ တစ်ခြားမြို့တွေကို သွားလာခွင့် မရရှိခဲ့ကြသလို အဖွဲ့တွေ စုဝေးခွင့်လည်း မရရှိခဲ့ပြီး ရိုဟင်ဂျာတိုင်းရင်းသား ရိုးရာတွေကိုလည်း လွတ်လပ်စွာဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။ အစိုးရဆီက ခွင့်ပြုမိန့်ရရှိဖို့ဆိုတာလည်း ဖြစ်နိုင်ချေ လုံးဝနည်းပါးတာကြောင့် မိမိတို့ရဲ့ စွမ်းရည်တွေကို ဖော်ပြ အသုံးချခွင့် မရရှိပဲ အဘက်ဘက်က ဖိနှိပ်ခံ ဘဝနှင့်သာ ယခုချိန်ထိ ဆက်လက် နေထိုင်ကြရတာပဲ ဖြစ်ပါတယ်။

Source: Reuters

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.