Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတွေ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြသနာများနှင့် ရင်ဆိုင်နေရ

ကမ္ဘာ့အကြီးဆုံးသော ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ကျန်းမာရေးကို လေထုညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ Anadolu Agencyက ရေးသားဖော်ပြထားပါတယ်။

ထင်းမီးကထွက်ရှိလာတဲ့ မီးခိုးငွေ့တွေ စက်သုံးယာဉ်တွေက ထုတ်လွှတ်တဲ့ အခိုးငွေ့တွေကြောင့် အသက်ရှူမဝဖြစ်စေပြီး သေချာသန့်စင်မထားတဲ့ ရေကို သောက်သုံးနေကြခြင်းနဲ့  မိလ္လာရေစီးပိုက်တွေကို နည်းစနစ်ကျကျ မပြုလုပ်ထားခြင်းကြောင့် ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း၊ ဖျားနာခြင်းနှင့် အသားဝါရောဂါဖြစ်ခြင်းတွေကို မကြာခဏတွေ့မြင်နေရပါတယ်။

ဒုက္ခသည်တွေက အရေးပြားရောဂါဝေဒနာအမျိုးမျိုးကိုလည်း ခံစားနေကြရပြီး နှလုံးနဲ့ အသက်ရှူခြင်းဆိုင်ရာ ရောဂါတွေကိုခံစားနေရကြောင်းကို လေ့လာတွေ့ရှိရတယ်လို့ The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

၆၀%ကျော်က ချွဲကြပ်ဝေဒနာ၊ အသက်ရှုကြပ်တာတွေ၊ အသက်ရှူမြန်ခြင်းတွေ၊ နှင်းခူနာ၊ အဖျားကြီးခြင်း၊ အရေးပြားရောဂါ၊ မျက်လုံးကျိန်းစပ်တာတွေနဲ့ အသက်ရှူမွန်းခြင်းတွေကို ခံစားနေရကြောင်း လေ့လာတွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့မတ်လမှာလည်း ဘာလူခါလီ ဒုက္ခသည်စခန်း တစ်လျှောက်မှာရှိတဲ့ မိလ္လာ ရေစီးကြောင်းတွေရဲ့ အညစ်ကြေးတွေကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းပေးပို့ထားခဲ့ပါတယ်။ယခုအချိန်မှာ အညစ်ကြေးတွေ ပိုမိုဆိုးဝါးတဲ့ အခြေနေကို ရောက်ရှိလာတာကြောင့် ဝတ်ပြုရန်၊ အိမ်စက်အနားယူရန်နှင့် အသက်ရှူရန်ပင် အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.