Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာအမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဒေသခံ ဓားပြအုပ်စု တစ်စုက ၂၀၁၉ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပစ်သတ်လိုက်ကြောင်း မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ထားပါတယ်။

အာလီခါးလီဧရိယာက ဒုက္ခသည်စခန်းနံပါတ် ၂၅ရဲ့ ဒီ-၁၁မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြန်ပေးဆွဲခံနေရတဲ့ သူ့ရဲ့ညီကို ကယ်ဆယ်ဖို့ ကြိုးစားနေချိန်မှာ ပစ်သတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒေသခံ ဓားပြအုပ်စုက ရိုဟင်ဂျာ အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးလာလူးကို ပြန်ပေးဆွဲဖို့ ၄င်းရဲ့ နေအိမ်ကို ရောက်ရှိလာပြီး သူတို့လုပ်နေကျအတိုင်း ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

မသမာသူတွေရဲ့ ညှင်းပမ်းနှိပ်စက်မှုခံရသူ အဗ်ဒူလ်ဝါဆေးရ် (ဓာတ်ပုံ-ရိုဟင်ဂျာဗီးရှင်း၊ ၂၆၊ ဧပြီ၊ ၂၀၁၉)

ထိုဓားပြအုပ်စု ရောက်ရှိလာတဲ့ညမှာ ဦးလာလူးက နေအိမ်မှာ မရှိတာကြောင့် ဦးလာလူးရဲ့သားဖြစ်သူ မောင်အဗ်ဒူလ်ဝါဆေးရ်ကို ပြန်ပေးဆွဲခေါ်ဆောင်နေစဉ် ၄င်းကကြောက်ရွံ့ထိတ်လန့်မှုတွေကြောင့် ငိုယိုပြီး အော်ဟစ်အကူညီ တောင်းခံနေချိန် သူ့အစ်ကိုကြီးက ကယ်ဆယ်ဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ညီငယ် ပြန်ပေးဆွဲခံနေရတာကနေ ကယ်ဆယ်ဖို့ကြိုးစားနေချိန်မှာ အကိုကြီးဖြစ်တဲ့ အိုဇီအုလ္လာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အကိုကြီးကို ပစ်သတ်ပြီးနောက်မှာလည်း ညီငယ်ကို မလွှတ်ပေးပဲ ဖမ်းဆီး ခေါ်ဆောင်သွားနေရာကနေ ထိုလူငယ် လွှတ်မြောက်ဖို့ ဓားပြအုပ်စုရဲ့ လူမဆန်စွာ ညှင်းပမ်းနှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။

မသမာသူတွေရဲ့လက်ချက်ကြောင့် သေဆုံးသွားသူ အိုဇီအုလ္လာမှာ သားသမီးလေဦးရှိပြီး ထိုသူရဲ့ မိသားစုဝင်တွေက သေဆုံးသူအတွက် တရားမျှတမှုကို မျှော်လင့်နေကြပါတယ်။ မိမိတို့ မွေးဖွားရာ မူလအရပ်ဒေသကနေ အသက်အန္တရာယ်လုပြီး ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ လက်ရှိခိုလှုံနေရာ အရပ်ဒေသမှာလည်း မတရားမှုတွေကို ဆက်လက်ခံစားနေကြရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.