မကြာခင်ရောက်ရှိလာတော့မယ့် မုတ်သုန်ရာသီမှာ မြေပြိုကျမှုတွေ ဖြစ်နိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ကျွန်းတစ်ခုမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ကြောင်း သိရပါတယ်။ထိုသို့ ရွှေ့ပြောင်းမည့်အစီစဉ်ကို ဒုက္ခသည် အများစုက ငြင်းဆန်ခဲ့ကြပါတယ်။
ကော့ဇ်ဘဇားခရိုင်က လူဦးရေထူထပ်သည့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ တစ်သန်းခန့်ထဲမှ လူဦးရေ တစ်သိန်းခန့်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစပြီး တည်ဆောက်နေတဲ့ ဝေးလံခေါင်သီသော အရပ်မှ ကျွန်းတစ်ခုဖြစ်တဲ့ Bhasan Charကျွန်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက စတင် ပို့ဆောင်လိုကြောင်း ပြောပါတယ်။
ဒီနှစ်မှာ မိုးရွာသွန်းမှု ပိုမိုရှိနိုင်ကြောင်း သတင်းအချက်လက်များ ရရှိထားပြီး မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုတွေ ဖြစ်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ်ဒူလ် မိုမန်က ပြောပါတယ်။ Bhasan Charကျွန်းကို အသင့်ပြင်ထားပြီး အခြေနေဖြစ်နေတာကြောင့် သဘာဝဘေးအန္တရာယ်တွေကြောင့် မတော်တဆ သေဆုံးမှုတွေကနေ ရှောင်လွှဲနိုင်ဖို့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို မိုးတွင်းမတိုင်ခင် စတင် နေရာချထား ပေးနိုင်ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့စည်းတွေကလည်း နေရာပြောင်းရွှေ့မည့်အစီစဉ်မှာ ဘင်္ဂလားဒေ့ရှ်ကို ကူညီရန် စီစဉ်နေကြောင်း ပြီးခဲ့တဲ့လရဲ့ ရိုက်တာသတင်း အစီရင်ခံစာအရ သိရပါတယ်။
လူသားချင်းစာနာမှုအဖွဲ့တွေကတော့ ထိုကျွန်းဟာ ဝေးလံတဲ့အရပ်မှာ တည်ရှိနေတာရယ် စိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဘေးအန္တရာယ်များ ရင်ဆိုင်ရနိုင်ကြောင်း ပြောပါတယ်။ ဒုက္ခသည် အများစုကတော့ ခုလိုပြောင်းရွှေ့ နေရာချထားမှာကို ငြင်းဆန်နေကြပြီး အသက်အန္တရာယ်များနှင့် ထပ်မံ ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြပါတယ်။
၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်စလင်ပေါင်း တစ်သန်းခန့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တို့ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရက မည်သည်မျှ ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် မြန်မာနိုင်ငံတွင်း ကျန်ရှိခဲ့သည့် ရိုဟင်ဂျာမွတ်စလင်တို့ကိုလည်း သတ်ဖြတ်မှုများ ဆက်လက် ပြုလုပ်ဆောင်ရွက်လျက် ရှိပါတယ်။
Source: todayonline
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။