Press "Enter" to skip to content

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လူမဲ့ဇုန်မှာ လူမျိုးတုန်း သတ်ဖြတ်မှုရှောင် ရိုဟင်ဂျာတွေ ယနေ့ထိတိုင် ပိတ်မိနေ

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုရှောင် အင်အားနည်း ရိုဟင်ဂျာ မွတ်စလင်တွေ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာရှိတဲ့ လူမဲ့ဇုန်မှာ ယနေ့ထိတိုင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။

လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ရသူများထဲမှ ရိုဟင်ဂျာဦးရေပေါင်း နှစ်သိန်းခန့် လူမျိုးတုန်းသတ်ဖြတ်မှုဇုန် လို့သာ ခေါ်တွင်ရမယ့် ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားက လူမဲ့ဇုန်မှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ပိတ်မိနေသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလျင်လည်း နိုင်ငံတကာက ပိတ်ပင်တားဆီးမှု အန္တရာယ်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး မြန်မာဘက်မှာလည်း မြေမြှပ်မိုင်းတွေ မြှပ်နှံထားတာကြောင့် မိမိတို့ မူလနေရပ်ကို မပြန်နိုင်ပဲ ဖြစ်နေကြပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့က ထိုနေရာကို သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးခတ်ထားပြီး ထောက်ပံ့ပစ္စည်းများ၊ အစားအစာနှင့် ဆေးဝါးများ အားလုံးကို ဖြတ်တောက်ထားတာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ သွားလာမှုတွေကို ကန့်သတ်ချုပ်ထိန်းထားပြီး စစ်ဆေးရေး စခန်းတွေ နေရာအနှံ့အပြားမှာ ထားရှိထားသလို တစ်ချို့နေရာတွေမှာလည်း  မြေမြှပ်မှိုင်းတွေ မြှပ်နှံထားပါတယ်။

မြန်မာအစိုးရက နိုင်ငံသားအဖြစ် မသတ်မှတ်တာကြောင့် နိုင်ငံသားအခွင်းရေး မရရှိတဲ့အပြင် နိုင်ငံသားဖြစ်ကြောင်း မည်သည့် အထောက်ထားမှ ထုတ်ပေးထားခြင်းမရှိတာကြောင့် စစ်ဆေးရေး စခန်းတွေမှတစ်ဆင့် ဖြတ်သန်းခွင့်မရရှိပါ။ ရိုဟင်ဂျာတွေအနေနဲ့ မိမိနေထိုင်ရာ ကျေးရွာတွင်းမှလွှဲ၍ မည်သည့်အရပ်ဒေသကိုမှ မသွားရပဲ ပိတ်လှောင်ထားခြင်း ခံထားရတဲ့အပြင် မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု တွေကိုသာ နေ့စဉ်နဲ့ အမျှ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Source: trtworld

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.