Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်လေးဦးကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ပြန်ပေးဆွဲခဲ့ကြောင်း စွပ်စွဲပြောဆို

ကော့ဇ်ဘာဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇားရဲ့ Teknaf upazilaရှိ နတ်မြစ်မှာ ငါးဖမ်းစက်လှေနဲ့အတူ ငါးဖမ်းရှာထွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်လေးဦးကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ပြန်ပေးဆွဲခဲ့တယ်လို့ စွပ်စွဲထားကြောင်းThe Daily Starသတင်းဌာနက ဖော်ပြထားပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တံငါသည်များ ဖြစ်ကြတဲ့ အာဇင်းမ်အူလ္လာ(စက်လှေမောင်းသူ)၊ မူဟမ္မဒ် အဗ်ဒူလ္လာ၊ အဗ်ဒူလ်ကလာမ်နှင့် မူဟမ္မဒ် ဟစန်းတို့ဟာ Teknaf upazilaရဲ့ Shahparir Dwipမှာနေထိုင်သူတွေဖြစ်ကြောင်း ငါးဖမ်းစက်လှေပိုင်ရှင်ဖြစ်တဲ့ အာမာန်အူလ္လာဟ်နဲ့ ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်ဖြင့် သိရှိရပါတယ်။

ငါးဖမ်းစက်လှေပိုင်ရှင်ဖြစ်တဲ့ အာမာန်အူလ္လာဟ်က သူ့ညီဝမ်းကွဲဖြစ်တဲ့ အာဇင်းမ်နဲ့ ကျန်တဲ့ တံငါသည်သုံးဦးတို့က မနက်ခင်းပိုင်းမှာ သူ့စက်လှေကိုယူပြီး နတ်မြစ်ကို ငါးသလောက်ဖမ်းရန် ထွက်သွားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

မြစ်ထဲမှာငါးဖမ်းနေရင်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က မော်တော်ဘုတ်နဲ့ သူတို့ရဲ့ ငါးဖမ်းစက်လှေ အနားကိုရောက်ရှိလာပြီး တံငါသည်တွေကို သေနတ်ဖြင့်တေ့ပြီး ခေါ်ဆောင်သွားတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

မနက် ၇နာရီဝန်းကျင်မှာတော့ ငါးဖမ်းသမားတစ်ဦးက မြန်မာဘက်ကနေ ဖုန်းဆက်လာပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့သားတွေက ဘင်္ဂလားဒေ့ရှ်ငွေ တာကာသုံးသိန်းပေးကာ ပြန်ရွေးရန်ပြောကြောင်း အာမာန်အူလ္လာဟ်က ပြောပါတယ်။

စက်လှေပိုင်ရှင်ကတော့ ယခုအဖြစ်ပျက်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို အကြောင်းကြား ထာတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အမှတ်၂ရဲ့ ညွှန်ကြားရေးမှူး Foysal Hasan Khan က ခုဖြစ်ပွားတဲ့ ပြန်ပေးစွဲမှုကို လေ့လာစုံစမ်းနေကြောင်းနဲ့ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ရဲ့ သက်ဆိုင်ရာ အကြီးအကဲတွေကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြောင်း ပြောဆိုလိုက်ပါတယ်။
Source: The Daily Star

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.