Press "Enter" to skip to content

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ထာဝရမိတ်ဆွေတွေဖြစ်ကြောင်း မြန်မာ့စစ်ခေါင်းဆောင် ပြောဆို

မြန်မာ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ထာဝရမိတ်ဆွေဖြစ်ကြောင်း အမွှမ်းတင်ပြောဆိုခဲ့ပြီး ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာက ဖိအားပေးနေချိန်မှာ မြန်မာဘက်က ရပ်တည်ပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံ ပေကျင်းခရီးစဉ်တွင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စအတွက် နိုင်ငံတကာအသိုင်းဝိုင်းကိုဆန့်ကျင်ပြီး မြန်မာဘက်မှ ရပ်တည်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းအဖြစ် အမြဲကျေးဇူးတင်နေကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၇ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်ချိန် သန်းချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်း  သတ်ဖြတ်မှုတွေ ပြုလုပ်တာ သက်သေအထောက်ထား ရှိနေပေမယ့်လည်း မြန်မာအစိုးရက အမြဲငြင်းဆန်မှုပြုနေပါတယ်။

၂၀၁၇ခုနှစ်က အင်းဒင်ရွာမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးမြှုပ်နှံထားခဲ့တာတွေရှိခဲ့သလို ၂၀၁၉ခုနှစ်မှာလည်း စိုင်းဒင်တောင်တန်းတလျှောက် ဝါးလုပ်ငန်းလုပ်ကိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဝေဟင်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်က ယခုလို ရိုဟင်ဂျာတွေကို အဓိကပစ်မှတ်ထားကာ နည်းစနစ်ကျကျ စီစဉ်ပြီး စစ်ဆင်ရေးတွေ ပြုလုပ်နေပေမယ့်လည်း နိုင်ငံတကာ အသိုင်းဝိုင်းကို အမြဲငြင်းဆိုရာမှာ တရုတ်က ထောက်ခံပေးနေတာကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ထာဝရမိတ်ဆွေဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Source: The Daily Star
Photo Credit: DW

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.