Press "Enter" to skip to content

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်

၂၂.၁၀.၂၀၁၈

အောက်တိုဘာလအတွင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စရှရနာ ဘာဂနာက မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်  အရေးကြီးတဲ့ မဏ္ဍိုင် ၂ ခုကို လုပ်ဆောင်ရမှာဖြစ်တယ်လို့  ပြောကြားလိုက်တာဖြစ်ပါတယ်။

အဲ့ဒါတွေကတော့ တာဝန်ယူမှု တာဝန်ခံမှုရှိရေး အတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းဟာ ပထမဆုံး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပြီး နောက်တစ်ခုကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံစကားပြောဆွေးနွေးဖြစ်တယ်လို့ သူမကပြောခဲ့ပါတယ်။

မစ္စဘာဂနာဟာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အရာရှိတွေ၊ အစိုးရအရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂနဲ့ သံတမန်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေမှာထိခိုက် နစ်နာရတဲ့ အမျိုးသမီးတွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

UNHCR ရုံးနဲ့ UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ အကောင်ထည်ဖော်နေတာကို သိထားသလို  ရခိုင်ပြည်နယ်အတွင်းသို့ စုံစမ်းရေးအဖွဲ့တွေကို  လွတ်လပ်စွာ ဝင်ရောက်လေ့လာအကဲဖြတ်ခွင့်ရရှိရေး တွေလိုအပ်နေကြောင်း လည်း သူမက ပြောကြားခဲ့ပါတယ်။

IDP စခန်းတွေကို ပိတ်လိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်ပဲ လူ့အခွင့်အရေးအပြည့်အဝရရေး၊ ပညာရေး ကျန်းမာရေး၊  လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့ကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ဒါတွေဟာ ၄င်းတို့အတွက် အရေးကြီးကြောင်း၊ ဒီလိုဆောင်ရွက်ချက်ဟာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာစေဖို့ အကောင်း ဆုံးဆွဲဆောင်မှုလည်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်းစာလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးအပါအဝင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကာ မြန်မာအစိုးရအနေနဲ့ လူမျိုး၊ ဘာသာခွဲခြား ဆက်ဆံတာတွေကို လုံးဝငြင်းပယ် ရမဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.