Press "Enter" to skip to content

ဒေါ်အောင်ဆန်းစုကြည်ကို ကာလီတန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒီဂရီအား ပယ်ဖျက်

၂၂.၁၀.၂၀၁၈

၂၀၁၁ခုနစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံထားတဲ့ ဂုဏ်ထူးဆောင်ဒီဂရီအား ကာလီတန်တက္ကသိုလ်မှ ပယ်ဖျက်လိုက်ပါတယ်။

ကျောင်းကထုတ်ပြန်တဲ့ သတင်းအရ တက္ကသိုလ်ရဲ့ အထက်လွှတ်တော်တွေ ဟာ သောကြာနေ့မှာ ၄င်းဂုဏ်ထူးဆောင်ဒီဂရီကို ပယ်ဖျက်ဖို့ တညီတညွတ်တည်းမဲပေးခဲ့ကြတာပါ။မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားရိုဟင်ဂျာလူနည်းစုတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းခြင်းအတွက် ဝေဖန်ခဲ့ကြပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်တစ်ဦးက မြန်မာစစ်တပ်မှ လူနည်းစုတိုင်းရင်းသားရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ကျူးလွန်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ နိုင်ငံသားတွေကိုကာကွယ်ပေးရမှာဖြစ်ပြီး သူမဟာ ထိုတာဝန်တွေပျက်ကွက်ခဲ့ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့ကိုဖယ်ရှားဖို့အတွက် အဆိုပါတက္ကသိုလ်ရဲ့ မူဝါဒတစ်ရပ်ဖြစ်တဲ့  ကြုံကောင်းကြုံခဲ ဖြစ်ကောင်းဖြစ်ခဲ တဲ့ အခြေအနေတစ်ရပ်ကိုရောက်မှသာ ဖယ်ရှားခွင့်ပြုတာကြောင့် ယခုလိုအပြုအမူတွေဖြစ်ခဲ့တာတွေဟာ သူမအတွက် သိသိသာသာထင်ထင်ရှားရှား စိုးရိမ်ပူပန်စေခဲ့ပါတယ်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.