Press "Enter" to skip to content

မောင်တောမှာ မီးသတ်တပ်ဖွဲ့ရဲ့ ပေါ့ဆမှုကြောင့် ရိုဟင်ဂျာ နေအိမ် ၄ လုံးမီးလောင်ပြာကျ

ဇန္နဝါရီလ ၀၃ ၊၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေနေတိုင်လျက်ရှိတဲ့ လသာရပ် ကွက်အောက်ရွာတွင် မတော်တဆ မီးလောင်မှုစဖြစ်ပွားတာကို မောင်တောမီးသတ်တပ် ဖွဲ့အား အချိန်မီ အကြောင်းကြားခဲ့ပေမဲ့ မီးသတ် တပ်ဖွဲ့ရဲ့ ပေါ့ဆမှုကြောင့် ရိုဟင်ဂျာနေ အိမ် ၄ လုံးမီးလောင်ပြာကျခဲ့ကြောင်း သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် လသာရပ် ကွက် (ဧတာ လျ) အောက်ရွာမှာ  မီးစတင် လောင်ကျွမ်းနေလို့ ရွာသားတချို့က မီးသတ် တပ်ဖွဲ့မှာ အချိန်မီ အကြောင်းကြားခဲ့ပေမဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ချင်းချင်းလာမကူတဲ့ အတွက် ရွာသားများကဝိုင်းဝန်းပြီး မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်း သွားခဲ့ရင်လည်း အိမ် ၄ လုံးဟာ မီးလောင်ပြာကျခဲ့ကြောင်း ရွာသားတစ်ဦးက ပြောပါ တယ်။

အဲဒီမီးလောင်ကျွမ်းမှုကြောင့် ဖျက်ဆီးခဲ့တဲ့အိမ်တွေဟာ ဓနိမိုး၊ ဝါးထရံနှင့် မြေစိုက်နေ အိမ်တွေဖြစ်ပြီး ပိုင်ရှင်တွေ ကတော့ ဦးရီဇူဝါန်  (ဘ) ဦးမာမတ်ဆီဒီး(၃၅နှစ်)၊ ဦးဂျာမာလ် ဟူဆိန်း (ဘ) ဦးအာမိရ်ဟာမ်ဇား (၆၀နှစ်) ၊ ဦးအာ ဇူလောက် (ဘ) ဦးဂျာမာလ်ဟူဆိန်း (၃၂နှစ်) နှင့် ဦးအဘူကာဆိန်း  (ဘ)ဦးကာလူ(၆၅နှစ်)တို့ဖြစ်ကြောင်း သိရပါ တယ်။

မီးလောင်ပြာကျခဲ့တဲ့ အိမ်တွင်းထဲကနေ စားသုံးပစ္စည်းတွေ ထွက်မယူနိုင်လို့ ၎င်းမိသားစု တွေက ဒုက္ခအမျိုးမျိုးကြုံ နေရကြောင်း ဆွေမျိုးတွေက ပြောပါတယ်။

အမည်မပြောလိုတဲ့ ရွာသားတချို့က “မီးစတင်လောင်တာကိုမြင်ရပြီးတော့ ကျနော်တို့က မီးသတ်တပ်ဖွဲ့မှာ အ ကြောင်းကြားရင်လည်း ဂရုမစိုက်ပါဘူး။  ကညင်တန်းရပ်ကွက်သား အချို့ကသွားရောက်ပြောခဲ့တာနဲ့  မီးသတ် ကားတွေ ထွက်လာတယ်။ မီးသတ်သမားတွေ ရွာကို မရောက်ခင် ကျနော်တို့က မီးငြှိမ်းလိုက်တယ်။ တကယ်တော့ သူတို့ အချိန်မီလာခဲ့ရင်တော့ တခြားအိမ်တွေ မီးလောင်ပျက်ဆီးမှု မဖြစ်နိုင်ဘူး။ ရိုဟင်ဂျာအိမ်တွေ မီးလောင်ခဲ့လို့ သူတို့ က မီးလောင်မှုကို ပေါ့ပေါ့ဆဆယူတာပေါ့” လို့ ဝမ်းနည်းစွာ ပြောဆိုပါတယ်။

မြို့နယ်မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးစိစစ်ချက်အရ ဦးရီဇူဝါန်ရဲ့ နေအိမ် မီးဖိုချောင် မီး ကြွင်းမီးကျန်မှတစ်ဆင့် စတင် လောင်ကျွမ်းခဲ့တာကို သိရှိရလို့ ၎င်းအား မီးပေါ့ဆစွာ အ သုံးပြုမှုကြောင့် ဖမ်းဆီးရမိရေးနှင့် ဥပဒေအရအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Reported By: Maung Htay

အယ်ဒီတာ- မူဟာမတ်ရှူးအို(က်)ဗ်

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.