ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၅ ခုနှစ် ဧပြီလ ထုတ် “မြန်မာ့အလင်းသတင်းစာ” ပါ ဆောင်းပါးရှင် မင်းတိုင်ပင်အမတ်”ဦးဘိုးခိုင်” (စစ်တွေ) ရေးသားသည့် “မြန်မာမူစလင်”ဆောင်းပါး မှ ရိုဟင်ဂျာ တွေဟာ ရခိုင်မှာနှစ်ပေါင်း ၁၀၀၀ ကျော် က အခြေချ နေခဲ့သော လူမျိုးစုဖြစ်ကြောင်း ထင်ရှား နေပါတယ်။
သာမည ရခိုင် မူစလင် ဖြစ်ပေါ်လာပုံမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က အစပြုပြီး ရခိုင်ပြည်သို့ လာရောက်အခြေချသော အာရပ်၊ပါရှန်း၊အိန္ဒိယ လူမျိုးများက ဆင်းသက်ပေါက်ဖွား လာသူများဖြစ်ကြောင်းတွေ့ရသည်။ မြန်မာသက္ကရာဇ် ၇၆၆ မှ ၇၉၆ အထိ (AD-1404-1434) အထိအုပ်ချုပ်ခဲ့သော ရခိုင်ဘုရင် “မင်းစောမွန်”ခေါ် “နရမိတ်လှ”လက်ထက် တွင် အိန္ဒိယ စစ်တကောင်းဒေသမှ မူစလင် များ လာရောက် အခြေချ မင်းမှု.ထမ်းခဲ့ကြသည်။
ဒေသခံရိုဟင်ဂျာ တွေဟာ နှစ်ပေါင်းများစွာ ရခိုင်ပြည်နယ် မှာ အခြေချ နေခဲ့ကြောင်း အထောက်အထားများစွာထဲက တခုကို ဆွဲထုတ် ဖော်ပြလိုက်ရပါတယ်။
Credit: ကိုညီညီ