Press "Enter" to skip to content

Posts tagged as “AA”

စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်နေလို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူတွေ စိုးရိမ်နေ

မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနပ်ဖ်က ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ မနက်အစောပိုင်းအထိ မောင်တောဘက်ကို လေကြောင်းကနေ ဗုံးတွေကြဲချ တိုက်ခိုက်နေတာကြောင့် နယ်စပ်တစ်လျှောက် ဗုံးပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း…

AAက မောင်တောမြို့နယ် ဈေးမှ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီးခေါ်

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကျော်လှခကျေးရွာမှ ရက္ခိုင့်တပ်မတော် (AA) မှ ထင်ရှားသော အစ္စလာမ္မစ် ပညာရှင်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အစ္စလာမ့်ပညာရှင် မော်လဝီဝေစကိုရမ် သည် မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာမှ ဇာတိဖြစ်သည်။…

လှေစီးပြေးရိုဟင်ဂျာ ၁၄၀ ကျော် အင်ဒိုနီးရှားကယ်ဆယ်

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းကို လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄၆ ယောက်ကို အင်ဒိုနီးရှားအာဏာပိုင်တွေ ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။ ကမ်းခြေမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် ယာယီတည်းခိုတဲ့နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်လို့ Pantai Labu ခရိုင်တာဝန်ရှိသူက အခုလို ပြောပြပါတယ်။ “မနက် လေးနာရီ…

မောင်တောမြို့နယ် နှင့် နေရာတော်များကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးတွေကြဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျော်လှေကားကျေးရွာရှိ ပြင်ဖြူစခန်း(နယ်မြေ ၆)၊ ကိုင်းကြီးကျေးရွာ၊ ခရေမြိုင်ကျေးရွာနှင့် AA တပ်ဖွဲ့ဝင် ရှိမည့်ဟု ထင်သည့် နေရာတော်တော်များများကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၊ ညနေ ၄ နာရီကပင် ဂျက်တိုက်လာယာဥ် ၁ စီးဖြင့် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။…

မောင်တောမြောက်ပိုင်း မြောတောင်နှင့်ပွင်ဖြူချောင်း ရိုဟင်ဂျာများကို

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြောတောင်ကျေးရွာ (ဆာလီးဖာရင်း)သည် အိမ်ခြေ (၅၀) ကျော်ဖြင့် ရိုဟင်ဂျာများ နေထိုင်ကြသော ကျေးရွာတစ်ရွာ ဖြစ်သည်။ စပါးစိုက်ပျိုးခြင်း၊ငါးမွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါကျေးရွာသားများကို ရက္ခိုင်တပ်တော်(AA)က ပြီးခဲ့သည့် ဩဂုတ်လတွင်အစည်းအဝေးခေါ်ယူ၍`စစ်ဆင်ရေးလုပ်ရန်’ရှိသည်”ဟုအကြောင်းပြ၍ အခြားရွာသို့ ပြောင်းရွေ့နေထိုင်ကြရန် အမိန့်ထုတ်ထား ခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေမှူးထံ အသနားခံစာကို အကြိမ်ကြိမ်တင်ထားခဲ့သော်လည်း လက်မခံဘဲအောက်တိုဘာ(၇)ရက်နောက်ဆုံး…

နတ်မြစ်တွင် ရိုဟင်ဂျာ ၁၈ ယောက်ပါ စက်လှေမြုပ်ပြီး တစ်ဒါဇင်ခန့် သေဆုံးပျောက်ဆုံးနေ၊

ဘေးရန်ပေါင်းစုံနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ တစ်ဖက်ဘဂ်လားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ရိုဟင်ဂျာ ၁၈ ဦးပါ တပ်ဆောင်ယူလာတဲ့ စက်လှေဟာ မနေ့က စက်တင်ဘာလ ၂၃ ရက်နေ့၊ ည ၁၁ နာရီကျော်ကျော်တွင် နတ်မြစ်တွင် စက်လှေမြုပ်ခဲ့ပြီး ရိုဟင်ဂျာ ၁၁ ယောက် သေဆုံးခဲ့ပြီး ၇…

မြန်မာ့ရေး ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ အစီရင်ခံစာအပေါ် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးမှုကို ဗြိတိန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာက မြန်မာစစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တုန်လှုပ်စရာ…

(AA)က ရိုဟင်ဂျာတွေကို ဒရုန်းဗုံးတွေနဲ့ အပြင်းအထန်ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ လူနေရပ်ကွက်တွေအပေါ် ရခိုင်တပ်တော် (AA)က ဖျက်အားပြင်း ဗုံးတွေ ဒရုန်းတွေထဲ ချိတ်ဆွဲပြီး ပစ်ချနေတာကြောင့် နေ့စဉ် ရိုဟင်ဂျာသေဆုံးမှုတွေ ရှိနေသလို အပြင်းအထန် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။ ရခိုင်တပ်တော် (AA)က မောင်တောမြို့ပေါ် မှာရှိတဲ့ လူနေထူထပ်တဲ့ ရိုဟင်ဂျာရပ်ကွက်တွေအပေါ် ဒရုန်းတွေထဲ ဖျက်အားပြင်း…

မောင်တောမြို့ ကညင်းတန်ရပ်ကွက်တွင် AAရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ရိုဟင်ဂျာ မိသားစုနေအိမ်တစ်လုံးပေါ် ဇူလိုင်လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၃:၀၀ ဝန်းကျင်ခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ(၅)ဦး ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။…

မြန်မာဘက်က ကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ်ဆယ်ကျော်သက်တစ်ဦး သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

မြန်မာနိုင်ငံဘက်က ကျရောက်တဲ့ မော်တာကျည်ထိမှန်လို့ ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက်ရွယ်တစ်ယောက်သေဆုံးပြီး လူနှစ်ယောက်ကို ဆေးရုံတင်လိုက်ရတယ်လို့ Independent သတင်းက မနေ့က ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဆယ်ကျော်သက်နဲ့ တခြားလူတွေဟာ မြန်မာနယ်စပ်နားက နတ်ဖ်မြစ်မှာ ဂဏန်းဖမ်းနေချိန် မော်တာကျည်ထိမှန်တာလို့ ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ချိန် ကွယ်လွန်သွားတာဖြစ်ပြီး ကျန်နှစ်ယောက်ကို စစ်တကောင်း ဆေးကောလိပ်ကို…

Mission News Theme by Compete Themes.