Press "Enter" to skip to content

Posts tagged as “မြန်မာစစ်တပ်”

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် မြန်မာစစ်သားများက ရိုဟင်ဂျာ ၃၀ကျော်ကို ပေါ်တာဆွဲခေါ်ဆောင်

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းရဲ့ စစ်သားတွေက စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းရွာကိုသွားတဲ့ လမ်းတလျှောက်မှာ တွေ့ရှိခဲ့သမျှ ရိုဟင်ဂျာမွတ်စလင်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိမ်းညှင်းပြာကျေးရွာကို…

မြန်မာစစ်တပ်နဲ့AAရဲ့ အပြန်အလှန်ပစ်ခတ်မှုကြား ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး အများအပြားပိတ်မိနေ

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ  ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ…

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် အမေရိကန်သတိပေး

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သုတ်သင်မှု ပါဝင်နေသလို မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို စော်ကားမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က စနေနေ့မှာ သတိပေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စတင်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်မှာ အမေရိကန်နိုင်ငံတော်ရုံးဌာန ပြောခွင့်ရအမျိုးသမီး…

ဘူးသီးတောင်တွင် မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာရရှိ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စံကိုးထောင်ကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂၈ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဆင်သေပြင်ကျေးရွာတွင်းနေထိုင်သူ အနူဝါရ်ဆာဒဲခ် (ဘ) နူရူဇာမာလ် အသက်…

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် AAတို့ အပြန်လှန်ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာတစ်ချို့ ကျည်ဆံထိမှန်ဒဏ်ရာရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း ညောင်ချောင်းနယ်မြေရဲစခန်းကို AAက ဝင်တိုက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ နှစ်ဦးနှစ်ဘက် အပြန်လှန်ပစ်ခတ်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် တစ်ချို့နှင့် ရခိုင်တစ်ချို့လည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၄နာရီအချိန်ခန့်မှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းနယ်မြေ…

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့်AAတို့ တိုက်ပွဲအတွင်း ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စုမှာ ၂၂.၇.၂၀၁၉ရက်နေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည် ၂နာရီခွဲ အချိန်ခန့်မှာ အင်အား ၂၀၀ကျော်ရှိတဲ့ မြန်မာ့စစ်ကြောင်းက ဥယျာဉ်သာကျေးရွာအနီးတဝိုက်က…

ရိုဟင်ဂျာအရေး နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)၏ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်ငြင်းပယ်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်တဲ့  Fatou Bensoudaက ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် အဓမ္မပြုကျင့်ခံရခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ရိုဟင်ဂျာ…

ရိုဟင်ဂျာအရေးကိစ္စ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စုံစမ်းစစ်ဆေးရေး စတင်ဆောင်ရွက်မည်

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာတွေရဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေတွေက ကြေညာလိုက်ပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ဆက်လက်ဖိနှိပ်ရက်စက်နေတဲ့ကိစ္စကို ကနေဒါအစိုးရက ICC- နိုင်ငံတကာ ရာဇဝတ်ခုံရုံးရှေ့မှောက် ကနဦး တရားစွဲဆို အရေးယူဖို့ အထက်လွှတ်တော်အမတ်တစ်ချို့က…

နှစ်နိုင်ငံတွင်း ကြီးမားတဲ့ စိန်ခေါ်မှုဟာ မွတ်စလင်လူဦးရေ တိုးပွားလာမှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဟန်ဂေရီဝန်ကြီးချုပ် ဆွေးနွေး

မြန်မာ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့က မွတ်စလင်လူဦးရေ တိုးပွားလာမှုအကြောင်းတွေကို ရှားပါးတဲ့ ဥရောပခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြောင်း The guardianသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှ သတင်းထောက်တွေကို ထောင်ချမှုအထိ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေ  အနောက်နိုင်ငံတွေမှာ လှုပ်ခတ်စေခဲ့ပါတယ်။…

ကျောက်တော်မြို့တွင် ရိုဟင်ဂျာသားအဖနှစ်ဦး အမြောက်ကျည်ဆံ ထိမှန်သေဆုံး

ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရိုဟင်ဂျာမွတ်စလင် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့၈နှစ်အရွယ်သားဖြစ်သူတို့ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ အမြောက်ကျည်ဆံ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကျောက်တော်မြို့နယ်ရှိ မွတ်စလင်အများစု နေထိုင်ရာ ကျေးရွာဖြစ်တဲ့ အလယ်ကျွန်းကျေးရွာမှ အိမ်တစ်အိမ်ကို အမြောက်ကျည်ဆံ ထိမှန်ခဲ့တာကြောင့် ကျေးရွာတွင်းနေထိုင်သူ ရိုဟင်ဂျာ မွတ်စလင် နှစ်ဦး…

Mission News Theme by Compete Themes.