Press "Enter" to skip to content

Posts tagged as “ရိုဟင်ဂျာ”

ရိုဟင်ဂျာအရေး အမြန်ဆုံး အဆုံးသတ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းကို မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ လှုံ့ဆော်တိုက်တွန်း

မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။  “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးမှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် မိသားစုဝင် အများအပြား ရေးဘေးနှင့် ရင်ဆိုင်နေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အများဆုံး ရေဘေးသင့်ခဲ့တဲ့နေရာကတော့ ဟိုင်ဒရာဘတ် ဘာဘာနာဂါရ်ရဲ့ ဘလာပူရ်က ဒုက္ခသည်စခန်းနံပါတ် ၃၀ပဲ ဖြစ်ပါတယ်။…

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် ရိုဟင်ဂျာတစ်ဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားကာ အသက်ဆုံးရှူံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ပြည်နယ်၊ Naikhongchhari upazila နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားနယ်စပ်တွင် ညပိုင်းအချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ရိုဟင်ဂျာတစ်ဦး အသက်ဆုံးရှူံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါမြေမြှုပ်မိုင်းဟာ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ မြှုပ်နှံထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာအတွင်းရှိ နယ်ခြားစောင့်တပ်ရင်း ၃၄မှ တပ်မှူးဒုဗိုလ်မှူးကြီး Ali Hayder Azad Ahmed ကပြောပါတယ်။…

ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများကို ခေါင်းပုံဖြတ်ယူ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့နယ်​တွင်​ ကျေးရွာအုပ်​ချုပ်​​ရေးမှူးများက ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးများနှင့်​ ၂နှစ်​​အောက်​က​လေးငယ်များကို ​ထောက်​ပံ့​ကြေးထုတ်​​ပေးရာတွင်​ အသုံးစရိတ်​ဖြတ်​​တောက်​ခြင်း၊စာရင်းတွင်​နာမည်​မရှိဟု​ လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်​မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီး​တောင်​​တောင်​ပိုင်း သိမ်​​တောင်​ပြင်​​ကျေးရွာအုပ်​စု​ အုပ်​ချုပ်​​ရေးမှူး​ ဦးကျော်​​ဆွေဝင်းက ​ထောက်​ပံ့ကြေးထုတ်​​ပေးရာမှာ​ တစ်ဦးလျှင်…

ဘူးသီးတောင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဈေးဝယ်သွားသည့် ရိုဟင်ဂျာတစ်ဦးထံမှ ခြိမ်းခြောက်ငွေညှစ်

ဘူးသီးတောင်မြို့နယ်။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စက်တင်ဘာလ ၁၉ရက်နေ့ မနက် ၉နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ခြိမ်းခြောက်ပြီး ငွေကျပ်၂သိန်းတိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ရွက်ညိုတောင်ကျေးရွာမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက သူ့ရဲ့ကုန်စုံဆိုင်ငယ်လေးအတွက် ပစ္စည်းတွေဝယ်ဖို့ ဘူးသီးတောင်မြို့ထဲကို ဈေးဝယ်သွားနေချိန်မှာ…

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် မြန်မာစစ်သားများက ရိုဟင်ဂျာ ၃၀ကျော်ကို ပေါ်တာဆွဲခေါ်ဆောင်

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းရဲ့ စစ်သားတွေက စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းရွာကိုသွားတဲ့ လမ်းတလျှောက်မှာ တွေ့ရှိခဲ့သမျှ ရိုဟင်ဂျာမွတ်စလင်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိမ်းညှင်းပြာကျေးရွာကို…

မြန်မာစစ်တပ်နဲ့AAရဲ့ အပြန်အလှန်ပစ်ခတ်မှုကြား ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး အများအပြားပိတ်မိနေ

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ  ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ…

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် အမေရိကန်သတိပေး

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သုတ်သင်မှု ပါဝင်နေသလို မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို စော်ကားမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က စနေနေ့မှာ သတိပေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စတင်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်မှာ အမေရိကန်နိုင်ငံတော်ရုံးဌာန ပြောခွင့်ရအမျိုးသမီး…

ရိုဟင်ဂျာတွေ ရာဇဝတ်မှုကျူးလွန်ခံရခြင်းကို ICC တရားသူကြီးများထံ တိုင်ကြားခွင့်ပြု

မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် အနိမ့်ဆုံးအဆင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကတည်းကစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ခွင့်ပြုချက်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေ Fatou Bensouda က ၂၀၁၉ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တင်ပြထားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ပျက်စီးနေတဲ့လမ်းတွေကြောင့် ရိုဟင်ဂျာတွေ သွားလာရေး အခက်ခဲများနှင့်ရင်ဆိုင်နေရ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ နေ့တိုင်းအသွားအလာပြုလုပ်တဲ့ ကုန်းဆင်းလမ်းတစ်နေရာကို ပြုပြင်လမ်းဖောက်ပေးခြင်းမရှိတာကြောင့် အခက်ခဲတွေကို ရင်ဆိုင်နေရကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဟာကင်းမ်ဖာရာ ဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောက်အဦနံပါတ် M-13မှာရှိတဲ့ ကုန်းဆင်းလမ်းဟာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေသွားလာစဉ် မကြာခဏ လျှော်လဲတာတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ…

Mission News Theme by Compete Themes.