Press "Enter" to skip to content

Posts tagged as “ရိုဟင္ဂ်ာ”

မောင်တောမြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြမှုနဲ့ ကျေးရွာတာဝန်ခံများက ရိုဟင်ဂျာများမှ ငွေညှစ်နေ

အောက်တိုဘာ ၁၁၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြမှုနဲ့ ကျေးရွာတာဝန်ခံများက မတော် မတရား အကြောင်းအမျိုးမျိုး ပြပြီး ရိုဟင်ဂျာများမှ ငွေညှစ်နေကြောင်း သိရပါတယ်။ မောင်တောမြို့ပေါ်ရပ်ကွက်များကိုအောက်တိုဘာလမှစတင်ပြီး ရဲများနှင့်လဝကများပူပေါင်း၍ ဧည့်စာရင်းများ စစ် ဆေးလျက်ရှိနေတဲ့အတွက် မိမိတို့ရဲ့ ကျေးရွာများမှ တခြားကျေးရွာများတွင် အကြောင်းအမျိုးမျိုးနှင့် သွား ရောက်…

စရဖမှ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို သဘာဝသေခြင်းအဖြစ် ၀န်ခံရန် မိသားစုအား ခြိမ်းခြောက်ဖိအားပေး

အောက်တိုဘာ ၀၆၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ အပြစ်မဲ့ ရိုဟင်ဂျာတစ်ဦးအား ရက်ရက် စက်စက် သတ်ဖြတ်ခြင်းကို သဘာဝသေခြင်းအဖြစ် ၀န်ခံရန် မိသားစုအား ခြိမ်းခြောက်ဖိအားပေးလျက်ရှိကြောင်း သိရပါတယ်။ မောင်တောမြို့ စစ်ဘက်ရေးရာလုံခြုံရေးရုံးတာဝန်ခံ တပ်ကြပ်ကြီး ကြည်ဟန်က၂၀၂၁ခုနစ်၊ ဩဂုတ်လ၂၉ ရက် တွင် မောင်တောမြောက်ပိုင်း…

မောင်တောမြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီရဲ့ အမျိုးမျိုး နှိပ်စက်မှုကြောင့် ရိုဟင်ဂျာများ မျိုးသုဉ်း ပျောက်နေ

အောက်တိုဘာ ၀၂၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီရဲ့ အစေခံ လက်နက်ကိုင်တပ်ဖွဲ့များ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်လူဆိုးလူမိုက်များရဲ့ အမျိုးမျိုးညှဉ်းပန်းနှိပ်စက်မှုကြောင့် ရိုဟင်ဂျာ မွတ်စလင် များ မျိုးသုဉ်းပျောက်နေကြောင်း သိရပါတယ်။ မောင်တောမြို့မြောက်ပိုင်း ဖားဝချောင်းနှင့် ့ရေမျက်တောင်ကျေးရွာများမှ ရခိုင်သားများနှင့် AA အဖွဲ့ဝင်များက …

သတင်းထူး – ထင်ရှားတဲ့ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင် မစ္စတာ မူဟိဗ္ဗူလ္လာ ပစ်သတ်ခံရ

စက်တင်ဘာ ၃၀၊ ၂၀၂၁ ဇာတိမြေအာရ်ကာန်ဒေသသို့ပြန်ပို့ရေး အကူအညီတောင်းခံရန်အမေရိကန်သို့သွားသော အထင်ကရ ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင်သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် မနေ့က အမည်မသိသေနတ်သမားများရဲ့ ရုတ် တရက်ပစ်သတ်ခြင်းခံရကြောင်း သိရပါတယ်။ အာရ်ကာန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအသင်း(ARSPH) ရဲ့ သဘာပတိဖြစ်ခဲ့သော အထင်ရှားဆုံး ခေါင်းဆောင် မစ္စတာ မူဟိဗ္ဗူလ္လာ ဟာ…

မောင်တောမြို့တွင် ရဲများက ရိုဟင်ဂျာများအား အများ ပြည်သူနေရာတွင် တမင်တကာ ဖမ်းဆီးထိုးနှက်နေ

စက်တင်ဘာ ၂၇၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မရဲစခန်းမှနယ့်ထိန်းရဲများက ရိုဟင်ဂျာများအား အများပြည်သူနေရာတွင် တမင် တကာ ဖမ်းဆီးထိုးနှက်နေကြောင်း သိရပါတယ်။ စက်တင်ဘာလ၂၁ ရက်၊ ည ၈ နာရီအချိန်တွင် မောင်တောမြို့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ချို့သည် နာရီစင်ရဲ့ မြောက်ဘက် ပန်အိုးရှိရာနေရာသို့ မော်တော်ဆိုက်ကယ်ဖြင့်ရောက်ရှိလာပြီး၊ ၎င်းနေရာအနီးတဝိုက်တွင်…

နယ်ခြားစောင့်တပ်ဖွဲ့များက ရိုဟင်ဂျာများမှ ခြိမ်းခြောက် ငွေညှစ်မှုဖြင့်လူမျိုးတုံး သတ်ဖြတ်နေ

စက်တင်ဘာ ၂၃၊ ၂၀၂၁ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့်ထိစပ်နေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်ခြားစောင့်တပ် ဖွဲ့များ နှင့်ရဲ တပ်ဖွဲ့များသည် တရားနည်းလမ်းကျကျ အသက်မွေး၀မ်းကြောင်းရှာဖွေနေတဲ့ ရိုဟင်ဂျာ များကို အကြောင်းအမျိုး မျိူးဖြင့် ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်းများဖြင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ပြန်လည် အရှိန်မြှင့်ပြီး ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။ မောင်တောမြို့မြောက်ပိုင်း၊…

မောင်တောမြို့ဝင်ဂိတ်တွင် တာဝန်ကျ ရဲများက ရိုဟင်ဂျာများမှ ပစ္စည်းလုယက်၊ ငွေညှစ်လျှက်ရှိ

စက်တင်ဘာ ၂၁၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့ဝင်ဂိတ်တွင် တာဝန်ချတဲ့ ရဲများက ရိုဟင်ဂျာများမှ နေ့ညမဖြတ် အတင်း အဓမ္မ ပစ္စည်းလုယက်ခြင်းနဲ့ ငွေညှစ်ခြင်းများ ကျူးလွန်နေကြောင်း သိရပါသည်။ မောင်တောမြို့မြောက်ပိုင်း ဦးရှဉ့်ဂျားကျေးရွာမှ  မူဟာမတ်ဂျာဟာန်ဂိရ် (၁၉နှစ်) သည်စက်တင်ဘာလ ၁၆ ရက်၊နံနက် ၁၀ နာရီခွဲ အချိန်တွင်မောင်‌တောမြို့သို့…

အာဏာပိုင်များက ဓားပြဂိုဏ်းကို မနှိမ်နင်းဘဲ ရိုဟင်ဂျာရွာ သားများအား ဖိအားပေးနေ

စက်တင်ဘာ ၁၆၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့တောင်ပိုင်းနဲ့ မြို့ပေါ် ရပ်ကွက်အချို့ မှာ အာဏာပိုင်များက နာမည်ဆိုး အဒူလ်ဟာကိမ်း ဓားပြဂိုဏ်းကို မနှိမ်နင်းဘဲ အားကိုးရာမဲ့ ရိုဟင်ဂျာများအား ဖိအားပေးနေလို့ ၎င်းတို့ ရဲ့ ဆင်းရဲဒုက္ခဟာ ကန့်သတ်ချက် မရှိဘူးလို့ သိရပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလ(၉) ရက်၊…

စစ်ကောင်စီက တဖက်နိုင်ကို နှင်ထုတ်တဲ့ ရိုဟင်ဂျာများရဲ့ လယ်ယာမြေမှာ ရခိုင်ရွာ အခြေချ

စက်တင်ဘာ ၁၂၊ ၂၀၂၁ မြန်မာစစ်ကောင်စီဟာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တွင် ရိုဟင်ဂျာမွတ်ဆလင်များကို အိမ်နီးချင်းနိုင်ငံ ဘင်္ဂ လားဒေ့ရှ် သို့ နှင်ထုတ်ပြီး ၎င်းတို့ပိုင် လယ်ယာမြေအချို့မှာ  ရခိုင်ကျေးရွာများကိုအခြေချခဲ့ကြောင်း သိရပါတယ်။ မြန်မာအစိုးဟာ ရခိုင်ပြည်နယ် မှရိုဟင်ဂျာမွတ်ဆလင်များ ရဲ့ ဥစ္စာဓနများကို လွယ်လွယ်နဲ့ဝါးမျိုနိုင်ရန်…

စစ်တပ်က အစ္စလာမ်ဘာသာရေးကို စော်ကားခြင်း၊ အိမ်တွေ ဝင်ရောက်စီးနင်းခြင်း၊ ငါးလုယက်ခြင်းတွေ ကျူးလွန်နေ

စက်တင်ဘာ ၀၉၊ ၂၀၂၁ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွေမှာ စစ်တပ်အကြမ်းဖက်သမားတွေ ဟာ အစ္စလာမ် ဘာသာရေးကို စော်ကားခြင်း၊ အိမ်တွေကို ဝင်ရောက်စီးနင်းခြင်း၊ ငါးလုယက်ခြင်းတွေ ဆက်လက် ကျူးလွန်နေ ကြောင်း သိရပါတယ်၊၊ မောင်တောမြို့မြောက်ပိုင်း ရမည်သင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲကင်း စခန်းမှရဲ (၇) ဦးတို့…

Mission News Theme by Compete Themes.