Press "Enter" to skip to content

Posts tagged as “ရခိုင်ပြည်နယ်”

သင်္ကြန်ကျင့်ပဖို့ မောင်တောမြို့ နယ်အကောက်ခွန်ဦးစီးဌာနက ရိုဟင်ဂျာတွေမှ အတင်းအကျပ် ရန်ပုံငွေကောက်ခံခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်အကောက်ခွန်ဦးစီးဌာနက သင်္ကြန်ကျင်းပဖို့အတွက်  ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေတွေ အတင်းအကျပ် ကောက်ခံခဲ့ကြောင်း သိရပါတယ်။ ရန်ပုံငွေကောက်ခံတဲ့ မောင်တောမြို့၊မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံဟာ  မဟာဗန္ဓူ လလမ်း၊မြို့မစည်ပင်သာယာဈေးကြီးရဲ့  တောင်ဘက် ၊ရွှေပျံလွှာလက်ဘရည်ဆိုင်နဲ့ ကပ်လျက်တည်လို့ အမည်မဖော်လိုတဲ့ ဆိုင်သည် တစ်ဦးက ပြောပါတယ်၊၊ အဆိုပါရုံးဝန်ထမ်းတွေက သင်္ကြန်ပွဲမှာ ရေလောင်းပြီး ပျော်ရွှင်နိုင်ဖို့ ရန်ပုံငွေ…

မောင်တောမြောက်ပိုင်းမှာ အစိုးရမှ ကလေးတွေအတွက် ထောက်ပံ့ခဲ့ တဲ့ငွေအချို့ ကျေးရွာတာဝန်ခံတွေက ဝါးမျိုစားခဲ့

ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်းပေါင်းဇား(အာရှီးခါးဖာရာ)ကျေးရွာအုပ်စု၊ပေါင်ဇားရွာနဲ့ပြင်ဖြူရွာတွေမှာ အစိုးရမှ အာဟာရချို့တဲ့မှုကို ခံစားနေရတဲ့ ကလေးတွေအတွက် ထောက်ပံ့ခဲ့တဲ့ ငွေအချို့ ကို  ကျေးရွာတာ ဝန်ခံတွေက ဝါးမျိုစားခဲ့ကြောင်း သိရပါတယ်။ အဆိုပါကျေးရွာနှစ်ခုမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်က အစိုးရမှ (၂-နှစ်)အောက်ကလေးနဲ့ (၂-နှစ်) အထက်ကလေးတွေကို ထောက်ပံ့ခဲ့တဲ့  ငွေတွေကို ကလေးအားလုံးက ရရှိမှုမရှိခဲ့ကြောင်း၊ အခွင့်ထူးဆုံးရှုံးခဲ့တဲ့ ကလေးတွေရဲ့  …

မောင်တော ဦးရှဉ့်ဂျားကျေးရွာ မြေတိုင်းစာရေးက ရိုဟင်ဂျာများမှ အဆမတန်ငွေ ညှစ်နေ  

မတ်လ ၃၁ ၊ ၂၀၂၂  ရခိုင်ပြည်နယ်၊မောတောမြို့မြောက်ပိုင်း ဦးရှဉ့်ဂျားကျေးရွာတွင် မောင်တောမြို့ကြေး တိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးအဖြစ်ခန့်အပ်တဲ့ ဦးထွန်းချေဟာ အ ကြောင်းအမျိုးမျိုးဖြင့် ရိုဟင်ဂျာများမှ အဆမတန်ငွေညှစ် နေကြောင်း သိရပါတယ်။   မြေတိုင်းစာရေးဦးထွန်းချေက အခုကတေ့ာ ရွာသားများဟာ အိမ်ပြုပြင်မွမ်းမံပါက ပုံစံ(၁၀၅) လိုအပ်မယ်လို့ ခြိမ်းခြောက်ပြီး‌သော်လည်းကောင်း၊ အိမ်အသစ်ဆောက်လုပ်ပါကပုံစံ(၁၀၅)ထုတ်ပေးရမယ်လို့ အကြောင်းပြပြီး…

UEHRD အစီစဉ်ဖြင့်ပြန်လည်လက်ခံခဲ့တဲ့ ရိုဟင်ဂျာမိသားစု ၁၁ စုကို စစ်ကောင် စီမှ ဖမ်းဆီးထား

မတ်လ ၂၀ ၊ ၂၀၂၂ ရခိုင်ပြည်နယ်၊ မောင်တောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ UEHRD အစီအစဉ်ဖြင့်ပြန်လည် လက်ခံခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် မိသားစု ၁၁ စုကို အခု အဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားနေကြောင်း သိရပါတယ်။ ၂၀၁၇ ခုနစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် နယ်မြေရှင်းလင်းရေလုပ်ဆောင်မှုကြောင့် အိုးအိမ်စွန့်ခွာပြီး…

မောင်တောမှ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ဦးညီညီက ရိုဟင်ဂျာ ဆိုင်သမားတွေ ကို ထိုးနှက်ပြီး ခေါင်းပုံဖြတ်နေ

မတ်လ ၁၅၊ ၂၀၂၂ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ရခိုင်သား ဦးညီညီ (၃၉နှစ်)က မော်တော် ယှဉ်ပြုပြင်ပြီး အသက်မွှေးဝမ်းကျောင်းပြုနေတဲ့ ရိုဟင်ဂျာ ဆိုင်သမား တွေကို ထိုးနှက်ပြီး ခေါင်းပုံဖြတ်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ရခိုင်သားက မောင်တော မြို့မအရှေ့ရပ်ကွက်ဇာတိ ဖြစ်ကြောင်း၊ ၎င်းသူဟာ…

Kutupalong ဒုက္ခသည်စခန်းတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အမိုးအကာ ၄၀၀ ကျော် မီးလောင်ပျက်စီး

မတ်လ ၀၉၊ ၂၀၂၂ ဘင်္ဂလာဒေ့ရှ်၊ ဂော့စ်ဘဇားရှိ Kutupalong ဒုက္ခသည်စခန်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မီးလောင်မှုတွင် အသက် ၆ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦး သေဆုံးမှုပြီး အမိုးအကာ ၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အမှတ်(၅) ဒုက္ခသည်စခန်းမှ ညနေ…

မောင်တောပြည်သူ့ဆေးရုံတွင် ရိုဟင်ဂျာ လူနာတွေ ဆဲဆိုမှုနဲ့ ခွဲခြားဆက်ဆံမှုခံနေရ

ဖေဖေါ်ဝါရီလ ၂၈ ၊ ၂၀၂၂ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင် ရိုဟင်ဂျာ လူနာတွေကို ဝန်ထမ်း တွေက လူမျိုးနဲ့ဘာသာရေးအရ ခွဲခြားဆက်ဆံတဲ့အပြင် မကြာခဏ ဆဲဆိုနေကြောင်း သိရပါတယ်။ မောင်တောမြို့တောင်ပိုင်းညောင်ချောင်း(ကာဒီ‌ဘီးလ်)ကျေးရွာဇာတိ ဦးဆွေယောတ် အာလောမ်ရဲ့ သမီး မရူဘီနာ (၁၇နှစ်) ဟာ မကျန်းမမာဖြစ်လို့ ဇန်နဝါရီလမှာ…

မောင်တောတွင် ရိုဟင်ဂျာနေအိမ်မီးတင်ရှို့တဲ့ ရခိုင်တစ်ဦးကို အဏာပိုင်တွေက လွှတ်ထားနေလို့ ပြစ်မှုတိုးလာနိုင်

ဖေဖေါ်ဝါရီလ ၁၄ ၊ ၂၀၂၂  ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် ရိုဟင်ဂျာနေအိမ်မီးတင်ရှို့တဲ့ ရခိုင်တစ်ဦးကို အဏာပိုင်တွေက အရေး မယူဘဲ လွှတ်ထားနေလို့ ပြစ်မှုတိုးလာနိုင်ပြီး လူမျိုးနှစ်မျိုးကြား ပြဿနာတစ်ခုခု ပေါ်လာနိုင်ကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်၊ ည ၁၂ နာရီအချိန်တွင် အသက်(၄၀)ခန့်ဖြစ်တဲ့ကိုယ်ခန္ဓာဝဝနဲ့ အသားမဲ…

စစ်တပ်နဲ့ AA တိုက်ပွဲတွင် လူသားဒိုင်းအဖြစ် အသုံး ခံရတဲ့ ရိုဟင်ဂျာ ဒရိုက်ဘာတစ်ဦး မိုင်းထိပြီး ပွဲချင်းသေဆုံး    

ဖေဖေါ်ဝါရီလ ၁၂ ၊ ၂၀၂၂  ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် မြန်မာစစ်တပ်နဲ့ AA အကြား အပြန်အ လှန်တိုက်ပွဲ ဖြစ်ပွားနေ ရာ ရိုဟင်ဂျာ ကားမောင်းသမားတစ်ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ်သုံးခဲ့လို့AA မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးနဲ့ ထိတွေ့ပေါက်ကွဲပြီး ပွဲချင်းသေဆုံးခဲ့ ကြောင်း သိရပါတယ်။…

မြန်မာအဏာပိုင်တွေက ရိုဟင်ဂျာအိမ်မီးလောင်မှုကို မငြှိမ်းသတ်ဘဲ ပိုင်ရှင်ကို ဖမ်းဆီး နှိပ်စက်ဖို့ လိုက်ရှာနေ

ဖေဖေါ်ဝါရီလ ၀၇ ၊ ၂၀၂၂ ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ၊ ရွာမအရှေ့ဘက်တွင် ဒီနေ့မှာ ရိုဟင်ဂျာအိ်မ တစ်လုံး တွင် မတော်တဆမီးလောင်မှုဖြစ်ပွားတာကို ဒေသခံ အာဏာပိုင်တွေအား အချိန်မီကြောင်းကြားခဲ့ပေမဲ့ ၎င်းတို့က အဲဒီမီးလောင်မှုကို မငြိမ်း သတ်ဘဲ အိမ်ပိုင်ရှင်ကို ဖမ်းဆီးနှိပ်စက်ဖို့ အခုထိလိုက်ရှာနေကြောင်း သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ(၇)…

Mission News Theme by Compete Themes.