ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်း ဒုအိုးသည်မကျေးရွာအုပ်စုမှ ရိုဟင်ဂျာပိုင်ကျွဲ ၁၂ ကောင်ကို ရခိုင်အစွန်းရောက် ၄ ဦးက လုယက် ယူဆောင်သွားကြောင်း ဒေသခံ တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘူးသီးတောင်တောင်ပိုင်းမှာ တည်ရှိတဲ့ ဒုအိုးသည်မကျေးရွာဟာ နောက်ဆုံးရိုဟင်ဂျာရွာဖြစ်ပြီး ရခိုင်ရွာနဲ့ အနီးစပ်ဆုံးမှာ တည်ရှိတဲ့ရွာတစ်ရွာဖြစ်ကြောင်း သိရပါတယ်။ ထိုကျေးရွာမှာနေထိုင်တဲ့…
Posts tagged as “ရခိုင်ပြည်နယ်”
မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။ “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၂နှစ်အောက်ကလေးငယ်များကို ထောက်ပံ့ကြေးထုတ်ပေးရာတွင် အသုံးစရိတ်ဖြတ်တောက်ခြင်း၊စာရင်းတွင်နာမည်မရှိဟု လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီးတောင်တောင်ပိုင်း သိမ်တောင်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ထောက်ပံ့ကြေးထုတ်ပေးရာမှာ တစ်ဦးလျှင်…
ဘူးသီးတောင်မြို့နယ်။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စက်တင်ဘာလ ၁၉ရက်နေ့ မနက် ၉နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ခြိမ်းခြောက်ပြီး ငွေကျပ်၂သိန်းတိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ရွက်ညိုတောင်ကျေးရွာမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက သူ့ရဲ့ကုန်စုံဆိုင်ငယ်လေးအတွက် ပစ္စည်းတွေဝယ်ဖို့ ဘူးသီးတောင်မြို့ထဲကို ဈေးဝယ်သွားနေချိန်မှာ…
ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းရဲ့ စစ်သားတွေက စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းရွာကိုသွားတဲ့ လမ်းတလျှောက်မှာ တွေ့ရှိခဲ့သမျှ ရိုဟင်ဂျာမွတ်စလင်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိမ်းညှင်းပြာကျေးရွာကို…
ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စံကိုးထောင်ကျေးရွာအုပ်စုမှာ ဇူလိုင်လ ၂၈ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် ၁၀နာရီအချိန်ခန့်မှာ ဆင်သေပြင်ကျေးရွာတွင်းနေထိုင်သူ အနူဝါရ်ဆာဒဲခ် (ဘ) နူရူဇာမာလ် အသက်…
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုဟာ H1N1 ရာသီတုပ်ကွေးရောဂါကို ကူးစက်ခံစားနေကြရပြီး ထိုရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ကျန်ရှိနေသူတစ်ချို့လည်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုမရရှိပဲ ဖြစ်နေကြောင်း ROHINGYA EYEက သတင်းပေးပို့ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေများပြားနေချိန်မှာ မောင်တောမြို့နယ် ရက်ကွက် (၅)မှာ…
ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသည့်ထဲမှ ကျောက်တော်မြို့နယ်က ကျေးရွာပေါင်း ၄၀မှာတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ရေကြီးမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေနဲ့တကွ တစ်ခြားသော ဒေသခံပြည်သူတွေလည်း ရေဘေးဒုက္ခတွေကို ရင်ဆိုင်နေရကြောင်း ကျေးရွာနေသူတစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀မှာတော့ ရေကြီးမှုတွေကြောင့်…
မြန်မာနိုင်ငံကို သုံးရက်တာ ခရီးစဉ်အတွက်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါဝင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်း အရင်းမြစ်တွေအရ သိရပါတယ်။ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာ သွားရောက်လေ့လာခဲ့တဲ့…