Press "Enter" to skip to content

Posts tagged as “ရခိုင်ပြည်နယ်”

ရိုဟင်ဂျာကလေးငယ်တစ်သန်း၏ ပညာရေးစင်တာ ပိတ်သိမ်းမှုကြောင့် ပညာရေးအနာဂတ် ထိခိုက်မိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒုက္ခသည်စခန်းအတွင်းရှိ သင်ကြားရေးစင်တာ ၆၀၀၀ ကျော်ကို ရန်ပုံငွေပြတ်လပ်မှုကြောင့် နောက်ထပ်လည်ပတ်လို့မရတော့ဘဲ ပိတ်သိမ်းလိုက်ရသည်ဟု အင်တာနာရှင်နယ်အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းအနေနှင့် ရိုဟင်ဂျာကလေးငယ်တစ်သန်းခန့်အနက် လေးပုံတစ်ပုံ ခန့်၏ ပညာရေးအခွင့်အရေး သက်သာမှုမရှိဘဲ ချို့တဲ့မှုကြီးမားနေကြသည်။ ဒီသတင်းဟာ စခန်းတွင်နေရတဲ့ ကလေးတွေအတွက်မက၊ စိတ်ဒဏ်ရာ ခံနေရသူများ၊ အလုပ်လက်မဲ့မိသားစုများအတွက်ပါ…

MEF မှ မလေးရှားတွင် ဒုက္ခသည်များအတွက် တရားဝင်အလုပ်အကိုင်ခွင့်ပြုရန် အစိုးရကို တိုက်တွန်း

မလေးရှားအလုပ်ရှင်များဖက်ဒရေးရှင်း (MEF) သည် မလေးရှားနိုင်ငံအတွင်း ရှိနေသူ ဒုက္ခသည်များနှင့် အမေရအရာခံများအတွက် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အစိုးရကို တောင်းဆိုလိုက်သည်။ ၎င်းသည် စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂများ၊ NGO များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တက်ကြွစွာပါဝင်သည့် ပါဝင်ဆောင်ရွက်မှုအခြေခံမူဝါဒတစ်ရပ် တည်ဆောက်ရန်အတွက် တိုက်တွန်းမှုတစ်ရပ် ဖြစ်သည်။ MEF ဥက္ကဋ္ဌ သော. ဆိုက်ဟူဆိန်…

AAက ရိုဟင်ဂျာ စီးပွားရေးသမားများ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်

၂၅ ဇွန် ၂၀၂၅ ရခိုင်ပြည်ညီညွတ်ရေးအဖွဲ့ချုပ် (ULA) နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) တို့သည် မြန်မာစစ်ကောင်စီနှင့် ဆက်နွှယ်နေသည်ဟု မှားယွင်းသော ဟန်ဆောင်မှုဖြင့် ရိုဟင်ဂျာ စီးပွားရေးသမားများ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုများကို ဆက်လက် သိမ်းယူနေပါသည်။ မကြာသေးမီလများအတွင်း ပြင်းထန်လာခဲ့သည့် ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံ…

မောင်တောမြို့ခံတွေ မူလနေရပ် ပြန်နေခွင့် ရရှိနေပြီ ဖြစ်

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ မြို့ခံ ရိုဟင်ဂျာတွေကို ဧပြီလ ၁ရက်နေ့ကစပြီး အသုတ်လိုက် နေရပ်ပြန်ဖို့ အာရက္ခတပ်တော် AA က ခွင့်ပြုလိုက်ပြီး၊ မိသားစုအလိုက် အိမ်ထောင်စုစာရင်းများ ထုတ်ပေးထားသလို သယ်ယူပို့ဆောင်ရေးအတွက်လည်း ရိုဟင်ဂျာရပ်မိရပ်ဖတွေနဲ့ AA စစ်ဒေသမှူးတို့ အတူဆောင်ရွက် ပေးခဲ့တယ်လို့ မောင်တောမြို့ပေါ်နေ ရိုဟင်ဂျာတွေက ပြောပါတယ်။…

AA နှင်ထုတ်တာ ခံရတဲ့ မောင်တောမြောက်ပိုင်းနေ ရိုဟင်ဂျာ ၇၀ ကျော် အတိဒုက္ခ ရောက်နေ

မောင်တောမြို့နယ်၊ မြောက်ပိုင်း မြောတောင်ကျေးရွာနေ ဒေသခံ ရိုဟင်ဂျာ အိမ်ထောင်စု ၇၀ ကျော်ကို AA က မောင်တောမြို့နယ်ထဲ ဝင်ရောက်ခြေကုပ်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့ကတည်းက နီးစပ်ရာ ရွာတွေကို ဖိအားပေး ပြောင်းရွေ့စေခဲ့တယ်လို့ မောင်တောမြောက်ပိုင်း ရိုဟင်ဂျာဒေသခံတွေက ပြောပါတယ်။ “မြောတောင် ရိုဟင်ဂျာအုပ်စုက…

ရိုဟင်ဂျာကို အစုပြုံလိုက် သတ်ခဲ့ပြီး မြေမှ မောင်းပြီးအခြေချ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီးရိုဟင်ဂျာရွာဟောင်းမှာ အခြေစိုက်စခန်းချနေထိုင်ကြတဲ့ တပ်မ၊ နခခ ၅ ဟာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲများက “နယ်မြေရှင်းလင်းရေး” ခေါင်းစဉ်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ ဥစ္စာပစ္စည်းများကို လုယက်ခြင်း၊ ရပ်ရွာများ မီးရှို့ဖျက်စီးခြင်းများအပြင် လူမဆန် ရက်စက် ကြမ်းကြုတ်စွာ မိမိတို့၏…

AA က မောင်တောတွင် တင်းကျပ်စွာ စစ်ဆေးနေ၊ ရိုဟင်ဂျာအား နှိပ်စက်နေ

ရခိုင်လက်နက်ကိုင် AA က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတချို့မှာ ယမန်နေ့ ဒီဇင်ဘာ ၄ ရက် နေ့ကပင် တစ်အိမ်တက် တစ်အိမ်ဆင်း နေ့ရောညပါ စစ်ဆေးနေပြီး ရိုဟင်ဂျာတချို့အား နယ်မြေ (၆) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားမဆန်စွာ ညှဥ်းပန်းနှိပ်စက်နေတယ်လို့ သတင်းရရှိပါတယ်။ ” ယမန်နေ့…

စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်နေလို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူတွေ စိုးရိမ်နေ

မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနပ်ဖ်က ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ မနက်အစောပိုင်းအထိ မောင်တောဘက်ကို လေကြောင်းကနေ ဗုံးတွေကြဲချ တိုက်ခိုက်နေတာကြောင့် နယ်စပ်တစ်လျှောက် ဗုံးပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း…

AAက မောင်တောမြို့နယ် ဈေးမှ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီးခေါ်

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကျော်လှခကျေးရွာမှ ရက္ခိုင့်တပ်မတော် (AA) မှ ထင်ရှားသော အစ္စလာမ္မစ် ပညာရှင်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အစ္စလာမ့်ပညာရှင် မော်လဝီဝေစကိုရမ် သည် မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာမှ ဇာတိဖြစ်သည်။…

လှေစီးပြေးရိုဟင်ဂျာ ၁၄၀ ကျော် အင်ဒိုနီးရှားကယ်ဆယ်

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းကို လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄၆ ယောက်ကို အင်ဒိုနီးရှားအာဏာပိုင်တွေ ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။ ကမ်းခြေမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် ယာယီတည်းခိုတဲ့နေရာတွေမှာ နေရာထိုင်ခင်း စီစဉ်ပေးထားတယ်လို့ Pantai Labu ခရိုင်တာဝန်ရှိသူက အခုလို ပြောပြပါတယ်။ “မနက် လေးနာရီ…

Mission News Theme by Compete Themes.