ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၉ သိန်းခန့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက UNHCR ရုံးရဲ့အကူအညီနဲ့ ဒုက္ခသည်အထောက်အထားကဒ်ပြားတွေထုတ်ပေးဖို့ အစီအစဉ်ကို ၆ လအတွင်း လုပ်သွားမယ်လို့ သိရပါတယ်။ ၄င်းရိုဟင်ဂျာဒုက္ခသည်တွေရဲ့ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံတာဟာ ၄င်းတို့အတွက် အထောက်အထား ခိုင်လုံမှုရှိစေပြီး အကာအကွယ်လည်း ပေးနိုင်မယ့်အပြင် အထောက်အပံ့တွေကိုလည်း စံနစ်တကျ ခွဲဝေပေးနိုင်မှာ…