Press "Enter" to skip to content

Posts tagged as “ယာယီဒုက္ခသည်စခန်းများ”

မုန်တိုင်းအမ်ဖန်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်မြောက်ပိုင်းရှိ ဒုက္ခသည်စခနိးများ ပျတ်စီးခဲ့ရ

မေလ၂၀ရက်နေ့ညတွင် အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခနိးများ ပျတ်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်ဘက်ရှိ ဒုက္ခသည်စခန်းများဟာ ပြန်လည်တည်ဆောက်ရမဲ့ အနေထားထိရှိနေပြီး ကော့စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ တဲများပြိုကျခြင်း၊ အမိုးလန်ခြင်းနဲ့ ရေကြီးခြင်းများ ဖြစ်ခဲ့တယ်လို့ RFAမှ ပြောကြားခဲ့ပါတယ်။ ကုတုပါလောင်စခန်းအမှတ် (၄)ရှိ…

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် COVID-19တွေ့ရှိခဲ့ဟုဆို

ပြီးခဲ့တဲ့ကြာသပတေးနေ့တွင် ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းစခန်းတစ်ခုတွင် COVID-19ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီး လူသားချင်းစာနာမှုအဖွဲ့များက ထိုကူးစက်ရောဂါဟာ လူဦးရေထူထပ်သောနေရာကို ပျတ်စီးစေနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ အခြားလူတစ်ဦးအား COVID-19ပိုးရှိမရှိ စမ်းသပ်ခဲ့တာပဲဖြစ်ပြီး ၎င်းဟာကမ္ဘာ့လူဦးရေထူထပ်သောစခန်းများတွင် ပထမဆုံးအတည်ပြုခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အဆင့်မြင့်အရာရှိတစ်ဦးနဲ့ UNမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးမှပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်နာ Mahbub…

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ကြီးမားတဲ့မီးလောင်ကျွမ်းမှု ဖြစ်ပွား

၂၀၂၀ခုနစ် ဧပြီ၁ရက်နေ့ နေ့လည်၂နာရီတွင် ဘင်္ဂလားဒေ့ရှ် အူခိယာ၊ အုန်စိပြင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခနိး၂၂တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆောက်အဦး၂၅ခုထဲတွင် စာသင်ဆောင်တစ်ဆောင်၊ ရုံးခန်းတစ်ခု၊ ဒေသခံချခ်မာအိမ်၄လုံးနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများအပါအဝင် မီးလောင်ကျွမ်းသွားခဲ့ပြီး ထိုစခန်းများကို မီးအလွယ်တကူလောင်ကျွမ်းစေနိုင်တဲ့ ပလတ်စတစ်၊သစ်သားနဲ့ မြက်များဖြင့် ပြုလုပ်တည်ဆောက်ထားတဲ့အတွက် ဒုက္ခသည်များနဲ့ ဒေသခံပြည်သူများရဲ့ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့တယ်လို့…

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှလွတ်မြောက်သူများစခန်းသို့အလည်အပတ်လာရှိခြင်း

၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိုဟင်ဂျာကိုယ်စားလှယ်များဟာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့အတူ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု လွတ်မြောက်သူများစခန်းတွင်တွေ့ဆုံခဲ့ကြပါတယ်။ အစည်းအဝေးကို ကူသူပလောင်ဒုက္ခသည်စခန်းတိုးချဲ့ ၄ ရဲ့ CIC ရုံးတွင်ကျင်းပခဲ့တာဖြစ်ပြီး ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါမြန်မာနိုင်ငံဘက်မှလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ…

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သံဆူးကြိုးခတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ကျော်ကို သံဆူးကြိုးခတ်ဖို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မှာကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်ဇာမာန်ခန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောကြားခဲ့ကြောင်း ပြည်ပသတင်းအရင်းမြစ်တွေအရ သိရပါတယ်။ ၂၀၁၆-၂၀၁၇ခုနှစ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အသက်လု ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတစ်သန်းခန့်ဟာ ထိုဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိနေတာပဲ…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးမှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် မိသားစုဝင် အများအပြား ရေးဘေးနှင့် ရင်ဆိုင်နေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အများဆုံး ရေဘေးသင့်ခဲ့တဲ့နေရာကတော့ ဟိုင်ဒရာဘတ် ဘာဘာနာဂါရ်ရဲ့ ဘလာပူရ်က ဒုက္ခသည်စခန်းနံပါတ် ၃၀ပဲ ဖြစ်ပါတယ်။…

ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ စားဝတ်နေရေးအခက်ခဲကြောင့် ကူညီထောက်ပံ့မှု အမြန်ဆုံး လိုအပ်နေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေစတင်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာတစ်ချို့ အသက်လုထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာမြို့နယ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလိုပဲ မင်းပြားမြို့နဲ့…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ပျက်စီးနေတဲ့လမ်းတွေကြောင့် ရိုဟင်ဂျာတွေ သွားလာရေး အခက်ခဲများနှင့်ရင်ဆိုင်နေရ

ကော့ဇ်ဘဇား။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ နေ့တိုင်းအသွားအလာပြုလုပ်တဲ့ ကုန်းဆင်းလမ်းတစ်နေရာကို ပြုပြင်လမ်းဖောက်ပေးခြင်းမရှိတာကြောင့် အခက်ခဲတွေကို ရင်ဆိုင်နေရကြောင်း VORအဖွဲ့ဝင်တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဟာကင်းမ်ဖာရာ ဒုက္ခသည်စခန်းနံပါတ် ၁၄ အဆောက်အဦနံပါတ် M-13မှာရှိတဲ့ ကုန်းဆင်းလမ်းဟာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေသွားလာစဉ် မကြာခဏ လျှော်လဲတာတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ မြေပြိုကျမှုကြောင့် ရိုဟင်ဂျာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကော့ဇ်ဘဇား။ ။၂၀၁၉ခုနှစ် ဇူလိုင်လ ၃၀ရက် အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဒုက္ခသည်စခန်းမှာ မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုသူ ခိုလှုံနေထိုင်ရာ တဲအိမ်ပျက်စီးသွားခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အခန်းနံပါတ် ဘီ-၂မှာ မနက်…

မုတ်သုံရာသီဥတုကြောင့် ရိုဟင်ဂျာမြောက်များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး တစ်ဦးသေဆုံး၊၁၁ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေပြိုကြပြီး လူတစ်ဦးသေဆုံး၊ လူပေါင်း ၄၅၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကောဇ့်ဘဇားက ရိုဟင်ဂျာ စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ…

Mission News Theme by Compete Themes.