Press "Enter" to skip to content

Posts tagged as “ကုလသမဂ္ဂ”

ရိုဟင်ဂျာအရေး အမြန်ဆုံး အဆုံးသတ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းကို မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ လှုံ့ဆော်တိုက်တွန်း

မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။  “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…

ရိုဟင်ဂျာအရေးကိစ္စ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ကုလကို ဘင်္ဂလားဒေ့ရှ်တင်ပြ

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကို တင်ပြခဲ့ကြောင်း the daily star သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။…

ရိုဟင်ဂျာဒုက္ခသည်အရေးအား ကမ္ဘာ့ခေါင်းဆောင်တွေဘက်မှ ဖိအားပေးဖို့ ကုလတိုက်တွန်း

မြန်မာစစ်အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှ တိုင်းရင်းသားရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအနေနဲ့ပြန်လည်ခေါ်ယူဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဖိအားပေးရမှာဖြစ်တယ်လို့ ကုလကတိုက်တွန်းပြောကြားခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သတင်းဌာနပိုင် ဆန်ဂ်ဘတ်ဆန်ဂ်စတာသတင်းဌာနကဖော်ပြခဲ့တာတွေ့ရပါတယ် ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်းဖြေရှင်းလို့မရနိုင်တာမို့ မြန်မာနိုင်ငံကို နိုင်ငံတကာအဖွဲ့အစည်းကဖိအားပိုမိုပေးသင့်တယ်လိုရ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလအထူးအကြံပေးအဒမ်မာဒီယမ်ဂ်ကပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေးကိုအပြီးဖြေရှင်းနိုင်ဖို့အတွက် ဒုက္ခသည်တွေကိုပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းစွာနဲ့ဂုဏ်သိက္ခာရှိစွာလုံခြုံဘေးကင်းဖို့လိုအပ်တယ်လို့ ဒီယမ်ဂ်ကဆိုပါတယ်။ ရိုဟင်ဂျာတွေကိုသူတို့အမိမြေရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်နဲ့လူမျိုးအသိုင်းအ၀န်းတည်ဆောက်နိုင်မှုအပါအ၀င် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ကုလကလိုလားနေတာဖြစ်တယ်လို့…

Mission News Theme by Compete Themes.