ရခိုင်လက်နက်ကိုင် AA က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာတချို့မှာ ယမန်နေ့ ဒီဇင်ဘာ ၄ ရက် နေ့ကပင် တစ်အိမ်တက် တစ်အိမ်ဆင်း နေ့ရောညပါ စစ်ဆေးနေပြီး ရိုဟင်ဂျာတချို့အား နယ်မြေ (၆) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားမဆန်စွာ ညှဥ်းပန်းနှိပ်စက်နေတယ်လို့ သတင်းရရှိပါတယ်။ ” ယမန်နေ့…
Posts tagged as “ျမန္မာ”
မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနပ်ဖ်က ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ မနက်အစောပိုင်းအထိ မောင်တောဘက်ကို လေကြောင်းကနေ ဗုံးတွေကြဲချ တိုက်ခိုက်နေတာကြောင့် နယ်စပ်တစ်လျှောက် ဗုံးပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြောင်း…
ရိုဟင်ဂျာ တစ်ရာကျော် တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံးပြည်နယ်မှာ တွေ့ရှိခဲ့ပြီး လိုက်ပါလာသူတွေထဲက အနည်းဆုံး တစ်ဦး လှေပေါ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပြောလိုက်ပါတယ်။ စက်လှေဟာ အာချေးခရိုင် တောင်ဘက် ကမ်းရိုးတန်းနဲ့ လေးမိုင်ခန့်အကွာမှာ ကျောက်ချရပ်နားထားတာကို တွေ့ရတာလို့ AFP သတင်းက ဖော်ပြပါတယ်။…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျော်လှေကားကျေးရွာရှိ ပြင်ဖြူစခန်း(နယ်မြေ ၆)၊ ကိုင်းကြီးကျေးရွာ၊ ခရေမြိုင်ကျေးရွာနှင့် AA တပ်ဖွဲ့ဝင် ရှိမည့်ဟု ထင်သည့် နေရာတော်တော်များများကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၊ ညနေ ၄ နာရီကပင် ဂျက်တိုက်လာယာဥ် ၁ စီးဖြင့် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။…
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြောတောင်ကျေးရွာ (ဆာလီးဖာရင်း)သည် အိမ်ခြေ (၅၀) ကျော်ဖြင့် ရိုဟင်ဂျာများ နေထိုင်ကြသော ကျေးရွာတစ်ရွာ ဖြစ်သည်။ စပါးစိုက်ပျိုးခြင်း၊ငါးမွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါကျေးရွာသားများကို ရက္ခိုင်တပ်တော်(AA)က ပြီးခဲ့သည့် ဩဂုတ်လတွင်အစည်းအဝေးခေါ်ယူ၍`စစ်ဆင်ရေးလုပ်ရန်’ရှိသည်”ဟုအကြောင်းပြ၍ အခြားရွာသို့ ပြောင်းရွေ့နေထိုင်ကြရန် အမိန့်ထုတ်ထား ခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေမှူးထံ အသနားခံစာကို အကြိမ်ကြိမ်တင်ထားခဲ့သော်လည်း လက်မခံဘဲအောက်တိုဘာ(၇)ရက်နောက်ဆုံး…
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တင်သွင်းတဲ့ ခြောက်ကြိမ်မြောက် နှစ်စဉ်အစီရင်ခံစာ အပါအဝင် IIMM ရဲ့ အစီရင်ခံစာအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ IIMM…
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ အစီရင်ခံစာအပေါ် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးမှုကို ဗြိတိန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာက မြန်မာစစ်တပ်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တုန်လှုပ်စရာ…
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့မှ မြို့ခံများသည် ဘေးလွှတ်ရာသို့ အသက်ကယ်ထွက်ပြေးနေကြရာတွင် နောက်ဆုံးထွက်ပြေးလာသော မြို့ခံ ၃ ထောင်ကျော်ကို အေအေ အဖွဲ့က မောင်တောမြောက်ပိုင်းဘက်သို့ ထွက်သွားခြင်းမပြုဘဲ လသာရပ်ကွက်အပိုင် အင်းတိလ္လာရွာ-ရွှေဇားကြား တံတား ရှေ့တဖက်ကမ်းတွင် မနက်ပိုင်း ၉ နာရီခန့်ကပင် တားဆီးထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ တိုက်ပွဲရှောင် ခိုရာမဲ့ပြည်များကို…
ရခိုင်ပြည်နယ်၊ မောင်တောမြို့ လူနေရပ်ကွက်တွေအပေါ် ရခိုင်တပ်တော် (AA)က ဖျက်အားပြင်း ဗုံးတွေ ဒရုန်းတွေထဲ ချိတ်ဆွဲပြီး ပစ်ချနေတာကြောင့် နေ့စဉ် ရိုဟင်ဂျာသေဆုံးမှုတွေ ရှိနေသလို အပြင်းအထန် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။ ရခိုင်တပ်တော် (AA)က မောင်တောမြို့ပေါ် မှာရှိတဲ့ လူနေထူထပ်တဲ့ ရိုဟင်ဂျာရပ်ကွက်တွေအပေါ် ဒရုန်းတွေထဲ ဖျက်အားပြင်း…
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ရှိ ရိုဟင်ဂျာ မိသားစုနေအိမ်တစ်လုံးပေါ် ဇူလိုင်လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၃:၀၀ ဝန်းကျင်ခန့်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ရာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား (၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ရိုဟင်ဂျာ(၅)ဦး ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။…