ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်များ ယခု ရမသွာန်(ဥပုသ်လ)မှာ ရေရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရတာကြောင့် နေ့စဉ် သောက်သုံးရေ အတွက်ပင် အခက်ခဲများရှိနေကြောင်း ဒေသခံရိုဟင်ဂျာတစ်ဦး သတင်းပေးပို့ထားပါတယ်။ ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး လူဦးရေပေါင်း (၅၀၀၀)ကျော်ခန့် နေထိုင်ကြပါတယ်။…
Posts published in “မြန်မာ”
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရမ်မသွာန်(ဥပုသ်လ)တစ်လတာ ယာယီဝတ်ပြုခွင့်ပေးထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဘာသာရေးဝတ်ပြုဆောင် ၃ လုံးကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့တာကြောင့် ဝတ်ပြုခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါတယ်။ အစ္စလာမ်ဘာသာဝင်ဦးရေ သောင်းကျော်ရှိတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်များအတွက် နေ့စဉ်ဝတ်ပြုရန် ဗလီဝတ်ကျောင်းတော် တည်ဆောက်ခွင့်မရသည့်အတွက် ဥပုသ်လတွင် ယာယီဝတ်ပြုခွင့်နေရာများကို ကာလသတ်မှတ်ချက်ဖြင့်…
မြန်မာနိုင်ငံ၏ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေ ကျူးလွန်ခဲ့တဲ့အပြင် ဆိုရှယ်မီဒီယာကနေတစ်ဆင့် လူမျိုးရေးမုန်းတီးမှု တွေဖြစ်ပေါ်စေမယ့် အမုန်းစကားတွေ ဖြန့်ဝေနေတဲ့အတွက် ၄င်းလက်ရှိ သုံးစွဲနေတဲ့ အကောင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တွစ်တာက ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုရှောင် အင်အားနည်း ရိုဟင်ဂျာ မွတ်စလင်တွေ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာရှိတဲ့ လူမဲ့ဇုန်မှာ ယနေ့ထိတိုင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ရသူများထဲမှ ရိုဟင်ဂျာဦးရေပေါင်း နှစ်သိန်းခန့် လူမျိုးတုန်းသတ်ဖြတ်မှုဇုန် လို့သာ ခေါ်တွင်ရမယ့် ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့…
၂၀၁၉ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာမြန်မာနိုင်ငံရဲ့ အနောက်ဘက်ပိုင်းဖြစ်တဲ့ ဒေသခံ ရိုဟင်ဂျာမွတ်စလင်တို့ နေထိုင်ရာ ရခိုင်ပြည်နယ်မှာ တူရကီနိုင်ငံအစိုးရရဲ့ အကူညီပေးရေး အေဂျင်စီက ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။ ထိုဆေးခန်းကို ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှု အသေးစားများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုများ၊ ပြင်ပလူနာတွေနဲ့…
ရခိုင်ပြည်နယ် အနောက်ပိုင်းမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုကင်းမဲ့စွာ သတ်ဖြတ်မှုတွေပြုလုပ်တာကို စုံစမ်းဖော်ထုတ်ခဲ့တာကြောင့် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် အယူခံတင်ထားတာကို လာမယ့် အင်္ဂါနေ့မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိတဲ့ ကိုဝလုံးနှင့် အသက် ၂၈နှစ်အရွယ်ဖြစ်တဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အင်းဒင်မှာ…
မြန်မာ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ထာဝရမိတ်ဆွေဖြစ်ကြောင်း အမွှမ်းတင်ပြောဆိုခဲ့ပြီး ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာက ဖိအားပေးနေချိန်မှာ မြန်မာဘက်က ရပ်တည်ပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံ ပေကျင်းခရီးစဉ်တွင်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စအတွက် နိုင်ငံတကာအသိုင်းဝိုင်းကိုဆန့်ကျင်ပြီး မြန်မာဘက်မှ ရပ်တည်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို…
၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၉) ရက်နေ့တွင် စစ်တွေမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရိုးမ မန္တလာ ခရီးသည်ပို့ဆောင်ရေး ယာဉ်နှင့်လိုက်ပါလာသည့် ရခိုင်ပြည်နယ်မှ ဖိနှိပ်မှုရှောင် ရိုဟင်ဂျာ(၆)ဦးကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ပျဉ်ဝကျေးရွာအနီး နတ်ရေကန်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း News Watchတွင် ရေးသားဖော်ပြထားပါသည်။ ရခိုင်ပြည်နယ်တွင် နေ့စဉ်နှင့်အမျှ လူ့အခွင့်ရေး ချိုးဖောက်ခံနေရသည့်…
မြန်မာစစ်တပ်နှင့် တိုင်းရင်းသား ရခိုင်လက်နက်ကိုင် အဖွဲ့တို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေချိန်တွင် ထောင်နှင့်ချီသော ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လူမဲ့ဇုန်တွင် နေထိုင်ကြရသည်မှာ ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်၏ လူမျိုးတုန်းစစ်ဆင်ရေးပြုလုပ်ချိန် ၂၀၁၇ခုနှစ်မှစ၍ ရာထောင်ချီသော ရိုဟင်ဂျာမွတ်စလင်များ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရပြီး…
၂၂.၁၀.၂၀၁၈ အောက်တိုဘာလအတွင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စရှရနာ ဘာဂနာက မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ မဏ္ဍိုင် ၂ ခုကို လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ တာဝန်ယူမှု တာဝန်ခံမှုရှိရေး အတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်ရှာဖွေရေးလုပ်ငန်းဟာ ပထမဆုံး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပြီး နောက်တစ်ခုကတော့…