ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊မြေပုံမြို့နယ်နဲ့ ယိုးဆနွင်းကျေးရွာအနီးတွင် မြန်မာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မြန်မာစစ်အစိုးရက မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်အခတ်များရပ်ဆဲသွားမယ်လို့ကြေညာပေမဲ့ ဒီကနေ့မနက် ၁၀နာရီခွဲလောက်မှာ ရခိုင်ပြည်နယ်အတွင်း ၁၅မိနစ်လောက်အကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ထပ်မံဖြစ်ပွားခဲ့တာကို သိရပါတယ်။ မြန်မာစစ်တပ်ဘက်ကနေ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဘက်ကနေပြီး စတင်ထိုးစစ်ဆင်လာတာမို့ ယခုလိုတိုက်ပွဲတွေဖြစ်ရတာလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂)…
Posts published in “မြန်မာ”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ပြည်နယ်၊ Naikhongchhari upazila နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားနယ်စပ်တွင် ညပိုင်းအချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ရိုဟင်ဂျာတစ်ဦး အသက်ဆုံးရှူံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါမြေမြှုပ်မိုင်းဟာ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ မြှုပ်နှံထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာအတွင်းရှိ နယ်ခြားစောင့်တပ်ရင်း ၃၄မှ တပ်မှူးဒုဗိုလ်မှူးကြီး Ali Hayder Azad Ahmed ကပြောပါတယ်။…
ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ…
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေစတင်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာတစ်ချို့ အသက်လုထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာမြို့နယ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလိုပဲ မင်းပြားမြို့နဲ့…
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFMရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်မှာ ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Newtec က မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေကို ရပ်တန့်မယ့်အကြောင်း ကြေညာလိုက်တယ်လို့ ပြည်တွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စုမှာ ၂၂.၇.၂၀၁၉ရက်နေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည် ၂နာရီခွဲ အချိန်ခန့်မှာ အင်အား ၂၀၀ကျော်ရှိတဲ့ မြန်မာ့စစ်ကြောင်းက ဥယျာဉ်သာကျေးရွာအနီးတဝိုက်က…
မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲခန်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်စိန်က ရိုဟင်ဂျာ မွတ်စလင်တစ်ဦးကို ခွဲခြားဆက်ဆံပြီး ၎င်းမောင်းနှင်လာတဲ့ CNG သုံးဘီးယာဉ်ရဲ့ မှန်ကို ရိုက်ခွဲခဲ့ကြောင်း Rohingya Eyeမှ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စနေနေ့(၂၀.၇.၂၀၁၉) ညနေ ၄နာရီအချိန်ခန့်မှာ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်…
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုဟာ H1N1 ရာသီတုပ်ကွေးရောဂါကို ကူးစက်ခံစားနေကြရပြီး ထိုရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ကျန်ရှိနေသူတစ်ချို့လည်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုမရရှိပဲ ဖြစ်နေကြောင်း ROHINGYA EYEက သတင်းပေးပို့ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေများပြားနေချိန်မှာ မောင်တောမြို့နယ် ရက်ကွက် (၅)မှာ…
ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသည့်ထဲမှ ကျောက်တော်မြို့နယ်က ကျေးရွာပေါင်း ၄၀မှာတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ရေကြီးမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေနဲ့တကွ တစ်ခြားသော ဒေသခံပြည်သူတွေလည်း ရေဘေးဒုက္ခတွေကို ရင်ဆိုင်နေရကြောင်း ကျေးရွာနေသူတစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျောက်တော်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀မှာတော့ ရေကြီးမှုတွေကြောင့်…
မြန်မာနိုင်ငံကို သုံးရက်တာ ခရီးစဉ်အတွက်ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါဝင် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်း အရင်းမြစ်တွေအရ သိရပါတယ်။ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာ သွားရောက်လေ့လာခဲ့တဲ့…