ဇွန်လ ၂၁ရက်မှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်တပ်ရဲ့ နည်းစနစ်ကျကျ နှိမ်နင်းမှုကြောင့် နိုင်ငံမဲ့ဖြစ်သွားကြတဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေမှုတွေ ရပ်တန့်ဖို့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေကို ထပ်လောင်းပြောကြားခဲ့ပြီး မလေးရှားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ကူညီသွားမယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း…
Posts published in “ပြည်ပ”
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကို တင်ပြခဲ့ကြောင်း the daily star သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။…
မြန်မာ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့က မွတ်စလင်လူဦးရေ တိုးပွားလာမှုအကြောင်းတွေကို ရှားပါးတဲ့ ဥရောပခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြောင်း The guardianသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှ သတင်းထောက်တွေကို ထောင်ချမှုအထိ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေ အနောက်နိုင်ငံတွေမှာ လှုပ်ခတ်စေခဲ့ပါတယ်။…
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ လူကုန်ကူးသူတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ကြရပြီး တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး Takaငွေ ၄၅၀၀၀နှုန်း ပေးဆောင်ခဲ့ကြရတဲ့ လူကုန်ကူးခံရသူ စုစုပေါင်း (၅၄)ယောက်ထဲမှာ အသက် ၁၉နှစ်အရွယ်ရှိတဲ့ မိုဟမ္မဒ်အာမင်းလည်း ပါဝင်ခဲ့ပါတယ်။ လူကုန်ကူးသူတွေရဲ့ လိမ်ညာပြောဆိုမှုကြောင့် စက်လှေပေါ်မှာ…
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ရင်ဆိုင်နေကြရတဲ့ အာရ်ကာန်ဒေသတွင်းက အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကြုံတွေ့နေကြရတဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာ ဖိနှိပ်ချုပ်ချယ် ရက်စက် ကြမ်းကြုတ်မှုတွေကို အစ္စလာမ်မစ်နိုင်ငံများအဖွဲ့အစည်း(OIC)ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပြီး အင်အားနည်း ရိုဟင်ဂျာလူနည်းစုအပေါ် အကြမ်းဖက် ရက်စက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ OIC ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်ထဲမှာ မြန်မာနိုင်ငံ…
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ရန်အတွက် UAE နိုင်ငံတစ်ဝှမ်းမှာ အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို သောကြာနေ့က စတင်ပြုလုပ်ခဲ့ရာ တစ်ရက်အတွင်းမှာပဲ UAEနိုင်ငံသုံး Dirham ငွေ ၃၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ယူအေအီး လခြမ်းနီ(Emirates Red Crescent)အဖွဲ့က စတင်လှုပ်ရှားခဲ့တဲ့…
၂၀၁၂ခုနှစ် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းစစ်ဆင်ရေးတွေ စတင်ပြုလုပ်ချိန်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ ပညာသင်ကြားနိုင်ခဲ့သူအနည်းငယ်နှင့် ပညာသင်ကြားခွင့် မရရှိခဲ့ကြသူ အများအပြားရှိပါတယ်။ ဒုက္ခသည်ကျောင်းသူ/သားများထဲမှ ၉နှစ်အရွယ်ရှိတဲ့ ရုခ်ဆာနာက တစ်နေ့မှာ ဆရာမတစ်ဦးဖြစ်လာနိုင်ဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ သူမကို လက်ရှိသင်ကြားပေးနေတဲ့ ဆရာကတော့ အထက်တန်း ပညာအရည်အချင်းသာ…
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူကုန်ကူးခံရတဲ့ ဆေးနူဝါရ်ဘေဂွမ်ဟာ သူမတစ်ကြိမ်တစ်ခါမှ မဆုံဖူးတဲ့သူနဲ့ လက်ထပ်ရန်အတွက် မလေးရှားနိုင်ငံကို ရောက်ရှိဖို့ လူကုန်ကူးသူရဲ့ ဦးဆောင်မှုဖြင့် ကုန်းကြောင်းရေကြောင်းနဲ့ ၂ပတ်ကြာ သွားခဲ့ရပြီး မြစ်နဲ့တောင်တွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ အလ်ဂျားဇီးရား သတင်းအရ သိရှိရပါတယ်။ ဒီခရီးဟာ သူမ လုံးဝမသိရှိရတဲ့ နယ်မြေတောတောင်တွေ နယ်စပ်တွေဖြစ်ပြီး သူမလက်ရှိ…
မလေးရှားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကမ်းခြေတစ်ခုရဲ့ အနီးနားမှာ ပြောင်းရွှေ့ခိုလှုံသူ ရိုဟင်ဂျာ အများပြားကို တွေ့ရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာ စက်လှေတွေနဲ့ ရိုဟင်ဂျာ ၂၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ ယုံကြည်တာကြောင့် ထိုသူတို့တွေကို မလေးရှား အာဏာပိုင်တွေက လိုက်လံ ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။ မြောက်များစွာသော ရိုဟင်ဂျာတွေဟာ ရေလမ်းခရီးကနေတစ်ဆင့် စက်လှေတွေနဲ့ မလေးရှားကို…
မြန်မာစစ်အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှ တိုင်းရင်းသားရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအနေနဲ့ပြန်လည်ခေါ်ယူဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဖိအားပေးရမှာဖြစ်တယ်လို့ ကုလကတိုက်တွန်းပြောကြားခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သတင်းဌာနပိုင် ဆန်ဂ်ဘတ်ဆန်ဂ်စတာသတင်းဌာနကဖော်ပြခဲ့တာတွေ့ရပါတယ် ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်းဖြေရှင်းလို့မရနိုင်တာမို့ မြန်မာနိုင်ငံကို နိုင်ငံတကာအဖွဲ့အစည်းကဖိအားပိုမိုပေးသင့်တယ်လိုရ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလအထူးအကြံပေးအဒမ်မာဒီယမ်ဂ်ကပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေးကိုအပြီးဖြေရှင်းနိုင်ဖို့အတွက် ဒုက္ခသည်တွေကိုပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းစွာနဲ့ဂုဏ်သိက္ခာရှိစွာလုံခြုံဘေးကင်းဖို့လိုအပ်တယ်လို့ ဒီယမ်ဂ်ကဆိုပါတယ်။ ရိုဟင်ဂျာတွေကိုသူတို့အမိမြေရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်နဲ့လူမျိုးအသိုင်းအ၀န်းတည်ဆောက်နိုင်မှုအပါအ၀င် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ကုလကလိုလားနေတာဖြစ်တယ်လို့…