Press "Enter" to skip to content

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် အမေရိကန်သတိပေး

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သုတ်သင်မှု ပါဝင်နေသလို မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို စော်ကားမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က စနေနေ့မှာ သတိပေးခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စတင်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်မှာ အမေရိကန်နိုင်ငံတော်ရုံးဌာန ပြောခွင့်ရအမျိုးသမီး မော်ဂန်အော်တဂတ်စ်က ရိုဟင်ဂျာ၇သိန်း၎သောင်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ရကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့၂နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက သောင်းကျန်းသူတွေကို နှိမ်နင်းတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ တရားမျှတမှု ကင်းမဲ့စွာ အစွန်းရောက်တုံ့ပြန်မှုတွေအဖြစ် သောင်းနဲ့ချီတဲ့ လက်နက်မဲ့ ပြည်သူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူမဆန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်”လို့ အော်တဂတ်စ်က အခိုင်အမာဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တာ ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပဲ နိုင်ငံရဲ့လူထုအပေါ်နှစ်ပေါင်း၇၀ကျော် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။” လို့ အော်တဂတ်စ်က ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော်က ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ နိုင်ငံရဲ့တစ်ခြားနေရာတွေမှာလည်း မတရားဖိနှိပ် စော်ကားမှုတွေ ဆက်လက်လုပ်ဆောင်နေတာကို သူမကမီးမောင်းထိုးပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အောင်မြင်မှုရဖို့အတွက် မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားရမယ်လို့လည်း သူမက တွစ်တာမှာပြောကြားခဲ့ပါတယ်။

Source: Anadolu Agency

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from UncategorizedMore posts in Uncategorized »
Mission News Theme by Compete Themes.