Press "Enter" to skip to content

ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားပေးရေးအတွက် ယုံကြည်မှု လျော့နည်းမှုတွေရှိနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောဆို

မလေးရှားနိုင်ငံက မြန်မာအစိုးရကို ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေးအတွက် အတတ်နိုင်ဆုံးတိုက်တွန်းမှုတွေပြုလုပ်နေပြီး ကောင်းမွန်ပြည့်စုံတဲ့အစီစဉ်နဲ့တကွ နှစ်ကုန်ပိုင်းမှာ ပြန်လည်နေရာချထားပေးနိုင်ဖို့ မျှော်လင့်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သုံးရက်တာ အလုပ်ကိစ္စနဲ့အလည်ပတ်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေကြားမှာ ယုံကြည်မှု လျော့နည်းခြင်းတွေ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ထိုနေ့ရဲ့နောက်ဆုံးချိန်မှာတော့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ဖို့အတွက် စည်းရုံးသိမ်းသွင်းဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြန်လည်နေရာချထားပေးရေးအစီစဉ်ကို မြန်နိုင်သမျှမြန်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားက သဘောတူကြောင်းနဲ့ နေရာချထားပေးရေး အစီစဉ်တစ်ရပ်လုံးကို ရိုဟင်ဂျာလူထုနဲ့ ဆွေးနွေးဖို့အရေးကြီးကြောင်းပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ကော့ဇ်ဘဇားခရိုင်မှာ ရိုဟင်ဂျာ ၁.၂သန်းကို ခိုလှုံရန် နေရာချပေးထားတာပဲဖြစ်ပါတယ်။ မိမိတို့မူလနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို လုံခြုံစိတ်ချစွာ ပြန်လည်နေရာချထားပေးနိုင်ခြင်းသာလျင် ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှား နှစ်နိုင်ငံလုံးက ရိုဟင်ဂျာအရေးကို အလေးထား ဆောင်ရွက်နေကြောင်း ဒေါက်တာမိုမန်က ပြောကြားခဲ့ပါတယ်။

အာဆီယံအသင်းဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက ရိုဟင်ဂျာတွေကို ပြန်လည် ခေါ်ဆောင်ရေး အတွက် မြန်မာကို တိုက်တွန်းရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အမြဲ ကူညီဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

Source: thedailystar

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from UncategorizedMore posts in Uncategorized »
Mission News Theme by Compete Themes.