Press "Enter" to skip to content

Posts tagged as “Rဗီးရှင်း”

ဘူးသီးတောင်ရိုဟင်ဂျာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်တဲ့ စစ်သားထွက်ပြေး

၂၀၂၀ခုနစ် မေလ၂၈ရက်နေ့တွင် ဗမာစစ်တပ်မှ ထွက်ပြေးလာတဲ့ စစ်သား၎ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါစစ်သား၎ဦးအနက် တစ်ဦးမှာ၂၀၁၇ခုနစ်တွင် ဗမာစစ်တပ်မှ မွတ်စလင်မ်ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ၎င်းစစ်သားများမှာ ဘူးသီးတောင်မြို့နယ် ခြေမြန်တပ်ရင်းများတွင် တာဝန်ထမိးဆောင်ခဲ့တာဖြစ်ပြီး ဗမာစစ်တပ်မှ ခွဲခြားဆက်ဆံ နိုင်ထက်စီးနင်းလုပ်တာကိုမခံနိုင်လို့ ထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတွေ့ကြုံများနဲ့ သဘောထားများကိုမေးမြန်းခဲ့ရာမှာတော့…

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် COVID-19ကူးစက်မှု ထိန်းချုပ်ရန်ခက်နေ

ဒုက္ခသည်ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျှက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် COVID-19 ရောဂါပိုးကူးစက်သူ ၂ဦးမှ ၂၉ဦးထိ တွေ့ရှိခဲ့ပြီးနောက် ထိုစခန်းများတွင် ရောဂါပိုး အလွယ်တကူ ပြန့်ပွားကူးစက်နိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းများမှ စိုးရိမ်နေကြောင်း RFAမှ သတင်းရရှိပါတယ်။ ထိုရောဂါကူးစက်သူများကို သီးသန့်ထားကုသပေးနေပြီး ၎င်းတို့မိသားစုအပါအဝင် သံသယရှိဒုက္ခသည်၁၅၀၀၀ခန့်ကိုလည်း သီးခြားစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးအရာရှိများက…

မုန်တိုင်းအမ်ဖန်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်မြောက်ပိုင်းရှိ ဒုက္ခသည်စခနိးများ ပျတ်စီးခဲ့ရ

မေလ၂၀ရက်နေ့ညတွင် အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခနိးများ ပျတ်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်ဘက်ရှိ ဒုက္ခသည်စခန်းများဟာ ပြန်လည်တည်ဆောက်ရမဲ့ အနေထားထိရှိနေပြီး ကော့စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ တဲများပြိုကျခြင်း၊ အမိုးလန်ခြင်းနဲ့ ရေကြီးခြင်းများ ဖြစ်ခဲ့တယ်လို့ RFAမှ ပြောကြားခဲ့ပါတယ်။ ကုတုပါလောင်စခန်းအမှတ် (၄)ရှိ…

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် COVID-19တွေ့ရှိခဲ့ဟုဆို

ပြီးခဲ့တဲ့ကြာသပတေးနေ့တွင် ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းစခန်းတစ်ခုတွင် COVID-19ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီး လူသားချင်းစာနာမှုအဖွဲ့များက ထိုကူးစက်ရောဂါဟာ လူဦးရေထူထပ်သောနေရာကို ပျတ်စီးစေနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ အခြားလူတစ်ဦးအား COVID-19ပိုးရှိမရှိ စမ်းသပ်ခဲ့တာပဲဖြစ်ပြီး ၎င်းဟာကမ္ဘာ့လူဦးရေထူထပ်သောစခန်းများတွင် ပထမဆုံးအတည်ပြုခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အဆင့်မြင့်အရာရှိတစ်ဦးနဲ့ UNမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးမှပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်နာ Mahbub…

လူပေါင်း(၅၈)ဦးသေဆုံးပြီးနောက် အသက်ရှည်ကျန်ရစ်သူများသည် လူကုန်ကူးသူများကိုအနိုင်ယူကာ ၎င်းတို့ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ခဲ့

ဧပြီလ(၁၆)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာပေါင်း၄၀၀ကို သယ်ဆောင်လာတဲ့လှေဟာ လူကုန်ကူးသူတွေကို တော်လှန်အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုတော်လှန်မှုအတွင်း လူကုန်ကူးခံရသူရိုဟင်ဂျာအမျိုးသား၁၇ဦးအဖွဲ့ကဦးဆောင်ပြီး ရခိုင်လူကုန်ကူးသူ(၁၁)ဦးထဲမှ(၄)ဦးကို သတ်နိုင်ခဲ့ကြောင်း၊ ကပ္ပတိနိအပါအဝင်(၂)ဦးကိုတော့ ဘင်္ဂလားဒေ့ရှ်သို့ ဓားစာခံအနေနဲ့ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းနဲ့ နောက်ထပ်(၅)ဦးကိုတော့ အခြားလှေတစ်စီးမှ လာရောက်ကယ်တင်သွားတယ်လို့ ၎င်းတို့ရဲ့ လူကုန်ကူးခံရမှုအား ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့ပါတယ်။ တော်လှန်ရေးမတိုင်မီ လူကုန်ကူးသူများက ထိုအမျိုးသား၁၇ဦးမှ…

ပင်လယ်တွင် ရိုဟင်ဂျာအမျိုးသမီးများ အဓမ္မပြုကျင့်ခံရ၊ ငွေညှစ်ခံရမှုများဖြစ်ပွား

ပင်လယ်ပြင်တွင် ရိုဟင်ဂျာပေါင်းများစွာ သောင်တင်လျက်ရှိရာ ရိုဟင်ဂျာအမျိုးသမီးများစွာကို သင်္ဘောသားများက အဓမ္မပြုကျင့်ကာ ကိုယ်ဝန်ရစေခဲ့ပြီး အခြးတစ်ဖက်မှာလည်း လူကုန်ကူးသူများက Pushbackကိုအကြောင်းပြကာ ငွေများထပ်မံတောင်းဆိုနေတယ်လို့ မိသားစုဝင်အချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။ မကြာသေးမီက အသက်ရှင်ကျန်ရစ်ခဲ့သော နူရ်အစ်လာမ်က”လူကုန်ကူးသူများဟာ အမျိုးသမီးများအား အဓမ္မပြုကျင့်ခံခဲ့ကြရပြီး အချို့မှာလှေပေါ်တွင် ကိုယ်ဝန်ဆောင်ခဲ့ကြရပါတယ်။ လူပေါင်းများစွာဟာ စိတ်ဒဏ်ရာရခြင်း၊ အစာရေဆာငတ်မွတ်ခြင်း၊ ရေဓာတ်ကုန်ခမိးခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများကြောင့်…

ရခိုင်ပြည်နယ် ဘူးသီးတောင်မှ တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား (၅)ဦးပျောက်ဆုံး

ဧပြီလ၂၀ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖရုံချောင်းကျေးရွာအုပ်စု၊ဒိုးတန်းရွာမှ မေယုတောင်ထဲသို့ သစ်ခွဲရန်သွားရောက်ခဲ့သော တိုင်းရင်းသားရိုဟင်ဂျာအမျိုးသား(၄)ဦးဟာ ဧပြီလ(၂၆)ရက်နေ့မှ စတင်ပျောက်ဆုံးလျက်ရှိနေပြီး ဧပြီလ(၂၈)ရက်နေ့မှာတော့ နောက်ထပ်ရိုဟင်ဂျာအမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့တယ်လို့ ရိုဟင်ဂျာတူဒေးသို့ ဒေသခံများက ပြောပြခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပျောက်ဆုံးသူ သစ်ခွဲသမားတိုင်းရင်းသားရိုဟင်ဂျာ(၄)ဦးဟာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စုနေ ဒိုးတန်းကျေးရွာမှ ဦးလာလူး(၃၀နှစ်)၊အဘူလ်ဟာရှီမ်း(၂၄နှစ်)၊ ဦးဂျမီးလ်(၃၂နှစ်)နဲ့ ဦးဆော်လိမ်(၃၆နှစ်)တို့ဖြစ်ကြပြီး မေယုတောင်သို့…

ကမ်းတင်နေတဲ့ရိုဟင်ဂျာများအား ကယ်ဆယ်ရန်နဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရ တိုက်တွန်းခံရ

ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်အစိုးရအား ကမ်းတင်လျက်ရှိတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအား ခွင့်ပြုပေးရန်နဲ့ ၎င်းတို့ရဲ့လူကုန်ကူးသူတွေကို အရေးယူရန် တိုက်တွန်းခဲ့ပါတယ်။မကြာသေးမီက ပင်လယ်ထဲမျောနေတဲ့သင်္ဘောတစ်စီးပေါ်မှ ကယ်တင်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူအချို့ကို သင်္ဘောသားများက သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ အစာရေဆာငတ်မွတ်အောင်ထားရှိခြင်းများဟာ သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ သိရပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဖြန့်ကျက် လုပ်ဆောင်သင့်ပါတယ်။ ဒီသင်္ဘောများရဲ့ လူသတ်သမားများဟာ…

ရိုဟင်ဂျာဓာတ်ပုံပြိုင်ပွဲ Kutupalong တွင် ပြုလုပ်မယ်

ရိုဟင်ဂျာဒုက္ခသည်များအတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၀ခုနစ် ဧပြီလ၂၃ရက်မှ ၂၀၂၀ခုနစ် သြဂုတ်လ၂၃ရက်အတွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုပြိုင်ပွဲတွင် “ရိုဟင်ဂျာဘဝ”နဲ့ “ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်မှု” ဆိုတဲ့ အမျိုးအစားနှစ်မျိုး ပါဝင်မှာဖြစ်ပြီး မည်သည့်နေရာတိုင်းမှာမဆို နေထိုင်တဲ့ရိုဟင်ဂျာများ ပါဝင်နိုင်ပါတယ်။ အနိုင်ရရှိသူကတော့ ငွေသားဆုကို ရရှိမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရွေးချယ်ခြင်းကိုတော့…

လူ့အခွင့်အရေးအဖွဲ့များက မလေးရှားနိုင်ငံအား လှေစီးဒုက္ခသည်များကို ကယ်တင်ရန်နဲ့ ဖိအားပေးမှုများကို ရပ်တန့်ရန်တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပင်လယ်ထဲတွင်၂လနီးပါး မျောပါလျက်ရှိသော လှေစီးပြေးဒုက္ခသည်ရိုဟင်ဂျာ၄၀၀ကို ကယ်ဆယ်ခဲ့ပြီးနောက် ၂၀၂၀ခုနစ်၊ ဧပြီလ၁၇ရက်နေ့တွင် လူအခွင့်ရေးအဖွဲ့စည်းအချို့ဟာ မလေးရှားနိုင်ငံအစိုးရအား လှေစီးဒုက္ခသည်ရိုဟင်ဂျာများအပေါ် ဖိအားပေးနေမှုများကိုရပ်တန့်ရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ရန်နဲ့ လှေများဘေးကင်းလုံခြံမှုသေချာစေရန် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ မလေးရှားရေကြောင်းအာဏာပိုင်များသည် လှေဖြင့်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းများအပေါ် ပြင်းထန်စွာစိုးရိမ်မကင်းဖြစ်လျက်ရှိတဲ့ အာရှပစိဖိတ်ဒုက္ခသည်အခွင့်ရေးကွန်ယက်(APRRN)ဟာ မလေးရှားနဲ့ထိုင်းအစိုးရတို့အား နယ်မြေများဝင်ရောက်ပိတ်ဆို့ရေးဒီဇိုင်းရေးဆွဲခြင်းများ၊…

Mission News Theme by Compete Themes.