ဒီမီုကရေစီနဲ့ လူ့အခွင့်ရေးပါတီမှ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ထားတဲ့ ဦးဒူရာရှစ်ကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာပဲ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဦးဒူရာရှစ်ရဲ့မိဘများဟာ သူ့ကိုမမွေးခင်တည်းက နိုင်ငံသားခံယူခဲ့ကြတာဖြစ်ပြီး သူရဲ့ဖခင်ကတော့ အစိုးရရေယာဉ်ဦးစီးဌာနမှာ ရေယာဉ်အုပ်အနေနဲ့ ၃၈နှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ပင်စင်ရထားသူဖြစ်တယ်လို့ သိရပါတယ်။…
Posts tagged as “Rဗီးရွင္း”
၂၀၂၀ခုနစ် ဩဂုတ်လ(၂)ရက်နေ့ ညတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များရဲ့ အနီးကပ်ပစ်ခတ်မှုကြောင့် တိုင်းရင်းသားရိုဟင်ဂျာတစ်ဦး သေဆုံးကာ တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ရိုဟင်ဂျာတူဒေးမှ သတင်းရရှိပါတယ်။ ဩဂုတ်လ(၂)ရက်နေ့ ည(၉)နာရီခန့်အချိန်တွင် စစ်တွေမြို့နယ် ရာဘာခြံIDPစခန်းနေ သံထော်လီကျေးရွာမှ အာဘူဆီဒီးခ်နဲ့အတူ သက္ကေပြင်ကျေးရွာမှ ဦးလူလူယာတို့(၃)ဦးဟာ မင်းဂံရခိုင်ရွာနဲ့ တစ်မိုင်ခန့်အကွာ ကွန်ကရစ်လမ်းသစ်ပေါ်ရှိ တံတားအနီးတွင်…
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ရိုဟင်ဂျာများအား ထိုရပ်ကွက်ရှိ နယ်ထိန်းရဲများက ခြိမ်းခြောက်ကာ ငွေညှစ်လျက်ရှိတယ်လို့ ရိုဟင်ဂျာတူဒေးမှ သိရှိရပါတယ်။ ဘူးသီးတောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တာဝန်ထမ်းဆောင်နေတဲ့ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်စံသန်းသိန်းဟာ ထိုရပ်ကွက်တွင် အာဏာအရှိဆုံးဖြစ်ပြီး ၎င်းကို ဘယ်သူကမှ ပြောဆိုခွင့်မရှိဟုသိရပါတယ်။ ၎င်းဟာ ထိုအာဏာကိုအသုံးချကာ ရပ်ကွက်တာဝန်ခံ ဦးမာမက်ရှော်ဘီနဲ့ ပူးပေါင်းကာ…
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လှဘော်ဇား(ခေါ်)ဘောက်ခ်ရူးဖားရာရှိ ရွာ(၅)ရွာခနိ့တွင် အိမ်ထောင်စု၆၀၀စုရှိကြောင်း သိရပါတယ်။ ဇူလိုင်လ(၁၇)ရက်နေ့တွင် NRCနဲ့ MHD(NGO)အဖွဲ့များက ရွာသားများထံသို့ ကိုယ်တိုင်သွားရောက်၍ တစ်အိမ်ထောင်စုစီအား ၂၁၆၀၀၀ (နှစ်သိန်းတစ်သောင်းခြောက်ထောင်) ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ သို့ပေမဲ့ အိမ်ထောင်စု၆၀၀စုရှိပေမဲ့ အိမ်ထောင်စု၃၀၀စုသာ ထောက်ပံ့ငွေရရှိခဲ့ပြီး ကျန်အိမ်ထောင်စုများရဲ့ငွေကိုတော့ ဦးကာဆိမ်းဆိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်းရဲ့ကိုယ်ကျိုးအတွက် သုံးစွဲလျက်ရှိနေတယ်လို့…
ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်းရှိ ဂူတာပြင်ကျေးရွာနေ ရွာသူရွာသားများအား နှစ်လတစ်ကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိရာ အဆိုပါစားနပ်ရိက္ခာများကို ထိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာပြူနဲ့ ရပ်မိရပ်ဖများဖြစ်ကြတဲ့ ဂူတာပြင်ရွာနေ ဆရာ-ရှော်ဖီအူလ္လာဟ်(၅၀နှစ်)၊ ဥက္ကဌဟောင်း မာမတ်အာယူဖ်(၅၁နှစ်)၊ သရက်တောင်(ဇူးမ်ခါဖာရာ)ရွာနေ နူရ်ကော်ဘိရ်(ခေါ်) ဒေါလ္လာ(၄၈နှစ်)၊ ရှားဘူရီးယား(၂၅နှစ်)တို့ထံအပ်နှံကာ ၎င်းတို့ထံမှတဆင့် ရွာသားများအား အိမ်ထောင်စုအလိုက် ခွဲဝေပေးလျက်ရှိတယ်လို့…
ယခုသီတင်းပတ်အတွင်း လှေဖြင့်ဝင်ရောက်ရန်ကြိုးစားသည့် ရိုဟင်ဂျာဒုက္ခသည်(၃၀၀)ခန့်အား မလေးရှားနိုင်ငံမှ ထိန်းသိမ်းထားခဲ့ပြီးနောက် ထိုရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးရန် မလေးရှားကတောင်းဆိုလိမ့်မယ်လို့ အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင်ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ”ဒုက္ခသည်”ဟူသော အခြေနေတစ်ရပ်ကို အသိအမှတ်မပြုသော်လည်း မြန်မာနိုင်ငံတွင် ၂၀၁၇ခုနစ် စစ်တပ်မှဦးဆောင်တဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်နှိမ်နှင်းခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဆိုးရွားတဲ့အခြေနေများနဲ့ကြုံတွေ့နေရတဲ့ ဒုက္ခသည်ရိုဟင်ဂျာများအတွက်တော့ အထူးကောင်းမွန်တဲ့နေရာတစ်ခု…
၂၀၂၀ခုနစ်ဇွန်လ(၈)ရက်နေ့ တနင်္လာနေ့မနက်အစောပိုင်း၌ သေဆုံးနေသောလူတစ်ဦးနဲ့အတူ ရိုဟင်ဂျာ(၂၆၉)ယောက် လိုက်ပါလာသောလှေမှာ စက်ချို့ယွင်းနေသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ထွက်ခွာရန် အတင်းစေခိုင်းလို့မရပဲ ဖမ်းဆီးလိုက်တယ်လို့ ရိုက်တာသတင်းမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ “ဒုက္ခသည်”ဟူသော အခြေနေတစ်ရပ်ကို အသိအမှတ်မပြုတဲ့ အရှေ့တောင်အာရှနိုင်ငံဟာ မြန်မာနိုင်ငံတွင်၂၀၁၇ခုနစ် စစ်တပ်မှဦးဆောင်တဲ့ ရိုဟင်ဂျာနှိမ်နှင်းခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဆိုးရွားတဲ့အခြေနေများနဲ့ ကြုံတွေ့နေရတဲ့ရိုဟင်ဂျာများအတွက် ဦးစားပေးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့မနက်ခင်းတွင်…
ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ…
၂၀၂၀ခုနစ် မေလ၂၈ရက်နေ့တွင် ဗမာစစ်တပ်မှ ထွက်ပြေးလာတဲ့ စစ်သား၄ဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါစစ်သား၄ဦးအနက် တစ်ဦးမှာ၂၀၁၇ခုနစ်တွင် ဗမာစစ်တပ်မှ မွတ်စလင်မ်ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ၎င်းစစ်သားများမှာ ဘူးသီးတောင်မြို့နယ် ခြေမြန်တပ်ရင်းများတွင် တာဝန်ထမိးဆောင်ခဲ့တာဖြစ်ပြီး ဗမာစစ်တပ်မှ ခွဲခြားဆက်ဆံ နိုင်ထက်စီးနင်းလုပ်တာကိုမခံနိုင်လို့ ထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတွေ့ကြုံများနဲ့ သဘောထားများကိုမေးမြန်းခဲ့ရာမှာတော့…
ဒုက္ခသည်ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျှက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် COVID-19 ရောဂါပိုးကူးစက်သူ ၂ဦးမှ ၂၉ဦးထိ တွေ့ရှိခဲ့ပြီးနောက် ထိုစခန်းများတွင် ရောဂါပိုး အလွယ်တကူ ပြန့်ပွားကူးစက်နိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းများမှ စိုးရိမ်နေကြောင်း RFAမှ သတင်းရရှိပါတယ်။ ထိုရောဂါကူးစက်သူများကို သီးသန့်ထားကုသပေးနေပြီး ၎င်းတို့မိသားစုအပါအဝင် သံသယရှိဒုက္ခသည်၁၅၀၀၀ခန့်ကိုလည်း သီးခြားစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးအရာရှိများက…