Press "Enter" to skip to content

Posts tagged as “COVID-19”

တိုင်းရင်းသားရိုဟင်ဂျာ(၉၉)တို့အား ရန်ကူန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခဲ့

၂၀၂၁ခုနစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ တိုင်းရင်းသားရိုဟင်ဂျာ (၉၉)ဦးတို့ကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဖမ်းဆီးရမိခဲ့တဲ့သူများဟာ ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မဲ့သူများလို့ သိရှိရပြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင်လမ်းမှ မသင်္ကာစရာလူတစ်ဦးကို ရွှေပြည်သာမြို့နယ်စခန်းမှူးက ခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖမ်းခံရသူများတွင်…

တိုင်းရင်းသားရိုဟင်ဂျာများအား ဆွဲတင်စစ်များပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်လျှက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း ပေါင်းဇားကျေးရွာအုပ်စု၊ ဘော်လ္လာဖာရာတွင် ကျောက်လှေကားအခြေစိုက် နယ်မြေ(၆)မှနယ့်ခြားစောင့်ရဲများနှင့်မ.က.ဖ(လ.ဝ က)များ ပူပေါင်း၍ ဇန်နဝါရီလ-၆ရက်မှစတင်ကာ ၎င်းရွာနေဦးမူစ်တာခ်အာမတ်၏ခြံဝင်းအတွင်း`ဆွဲ၊တင်၊စစ်’ စစ်ဆေးလျက်ရှိနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးထောင်ကျပ်စီကောက်ခံလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကလေးမွေးတိုးတစ်ခုလျင် ငွေကျပ်နှစ်သောင်းကျပ်စီ ကောက်ခံလျက်ရှိနေပါသည်။ နိုင်ငံတော် covidကာကွယ်ရေးဗဟိုကော်မတီ၏ အမိန့်ထုတ်ပြန်ချက်တွင်`လူ၃၀ဦးအထက်အစုအဝေးမလုပ်ရန်’ ပါရှိပေမဲ့ အဆိုပါအမိန့်ကို လိုက်နာခြင်းမရှိပဲ ထိုစစ်ဆေးသည့်နေရာတွင်…

မောင်တောမြို့နေဒေသခံများ Covid ကာလအတွင်း စားဝတ်နေရေးအလွန်ကျပ်တည်းလျှက်ရှိ

ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် Covidရောဂါလူနာများ တွေ့ရှိလာရ၍ ဆေးဆိုင်၊ စားကုန်ဆိုင်၊ မုန့်ဆိုင်၊ ဆေးပေးခန်းနဲ့ သားငါးဆိုင်များကို ယခင်က(၁)နာရီထိဖွင့်ခွင့်ပေးခဲ့ရာမှ အောက်တိုဘာလ(၇)ရက်နေ့မှာ လုံးဝပိတ်ပင်စေခဲ့တဲ့အတွက် ထိုဆိုင်များကိုအမှီသဟဲပြု စားသောက်လုပ်ကိုင်သူများအားလုံး အလုပ်လက်မဲ့ဖြစ်သွားကြရပါတယ်။ ဒါ့အပြင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပိတ်ပင်မှုဟာ သုံးလကျော်သွားတဲ့အတွက် ထိုစခန်းကို အမှီသဟဲပြုလျှက်ရှိတဲ့ စက်လှေပိုင်ရှင်များ၊ စက်လှေသမားများ၊ကုန်တင်ကုန်ချ အလုပ်သမားများမှာ…

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် COVID-19တွေ့ရှိခဲ့ဟုဆို

ပြီးခဲ့တဲ့ကြာသပတေးနေ့တွင် ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းစခန်းတစ်ခုတွင် COVID-19ကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီး လူသားချင်းစာနာမှုအဖွဲ့များက ထိုကူးစက်ရောဂါဟာ လူဦးရေထူထပ်သောနေရာကို ပျတ်စီးစေနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ အခြားလူတစ်ဦးအား COVID-19ပိုးရှိမရှိ စမ်းသပ်ခဲ့တာပဲဖြစ်ပြီး ၎င်းဟာကမ္ဘာ့လူဦးရေထူထပ်သောစခန်းများတွင် ပထမဆုံးအတည်ပြုခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အဆင့်မြင့်အရာရှိတစ်ဦးနဲ့ UNမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးမှပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်နာ Mahbub…

မောင်တောတွင် နေအိမ်များနဲ့ဈေးဆိုင်များတွင် ရိက္ခာများပြတ်လပ်လျက်ရှိပြီး ကုန်ဈေးနှုန်းများမြင့်တက်

COVID-19ကို ကြောက်ရွံ့မှုများတိုးပွားလာတာကြောင့် အိမ်များနဲ့ဈေးဆိုင်များတွင် သိုလှောင်ထားသောစားနပ်ရိက္ခာများ ပြတ်လတ်ပြီး ကုန်ဈေးနှုန်းများ မြှင့်တက်လျက်ရှိကာ ရိုဟင်ဂျာပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ Rohingya Eyeမှ တင်ပြခဲ့ပါတယ်။ ယခင်တားမြစ်ချက်များအပြင် အစိုးရဟာ သွားလာလှုပ်ရှားမှုများကိုပါ ထိန်းချုပ်ထားတဲ့အတွက် ဆင်ခြေဖုံးကျေးရွာများမှ လူများသည် မောင်တောဗဟိုဈေးကွက်သို့ မလာနိုင်ကြပါ။ ဒါ့အပြင် လက်လီရောင်းချသူများ(သို့မဟုတ်) လက်ကားဝယ်သူများထံမှလဲ အဝယ်အမှာစာများလည်းမရှိသလို…

မောင်တောမြို့ရှိ တိုင်းရင်းသားရိုဟင်ဂျာကျောင်းအား ကျန်းမာရေးစောင့်ကြည့်ရေးစင်တာအဖြစ် ပြောင်းလဲခဲ့

တိုင်းရင်းသားရိုဟင်ဂျာရွာများအား အနှောင့်အယှက်ပေးရန် အစီအစဉ်အဖြစ် မြန်မာအာဏာပိုင်များက ထိုင်းနိုင်ငံမှပြန်လာသော ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ခြင်းများ ပြုလုပ်ဖို့အတွက် ရိုဟင်ဂျာရွာအနီးရှိကျောင်းကို စောင့်ကြည့်စင်တာအဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ မတ်လ၃၀ရက်နေ့ မွန်းလွဲ၂နာရီခန့်တွင် မောင်တောတောင်ပိုင်းရပ်ကွက်ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်ပမှပြန်လာတဲ့ အလုပ်သမားများကို ကျန်းမာရေးဆိုင်ရာစောင့်ကြည့်ရန် မောင်တောမြို့တောင်ဖက်ရှိ တိုင်းရင်းသားရိုဟင်ဂျာများစွာနေထိုင်လျက်ရှိသော ဟရီဖာရာ(ခေါ်)အလီဖာရာရွာငယ်လေးရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ရဲ့ အဆောက်အအုံနှစ်ခုအား…

COVID 19 ပျံ့နှံ့နေသဖြင့် အင်တာနက်လိုင်းများပိတ်ပင်မှုကို ရုတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတိုက်တွန်း

COVID-19 ဟာ ကမ္ဘာအနှံ့ရှိ လူထောင်ပေါင်းများစွာကို သေစေပြီး သိန်းပေါင်းများစွာကို ကူးစက်လျက်ရှိတဲ့အတွက် ရိုဟင်ဂျာတက်ကြွသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များ၊ မြန်မာဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များနဲ့ ရခိုင်ပြည်နယ်၌နေထိုင်လျက်ရှိသောတိုင်းရင်းသား ရိုဟင်ဂျာများအား စိုးရိမ်ပူပန်လျက်ရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရအား အင်တာနက်ပိတ်ဆို့မှု ပယ်ဖျတ်ပေးရန် တိုက်တွန်းခဲ့သည်။ ၂၀၂၀ခုနစ် မတ်လ(၁၂)ရက်နေ့တွင် ဥရောပနိုင်ငံရိုဟင်ဂျာကောင်စီ(ERC) ထုတ်ပြန်ချက်တွင်”မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများနဲ့…

Mission News Theme by Compete Themes.