Press "Enter" to skip to content

Posts tagged as “AAတပ်ဖွဲ့”

မပြီးဆုံးနိုင်သေးတဲ့ ရခိုင်ပြည်ကတိုက်ပွဲများကြား ဒေသခံတွေ စားရေးသောက်ရေးခက်ခဲနေ

ရခိုင်ပြည်နယ်တွင်  AAနဲ့ ဗမာစစ်တပ်တို့ရဲ့မပြီးဆုံးသေးတဲ့ တိုက်ပွဲများကြား အပြစ်မဲ့ဒေသခံတွေဟာ ဗမာစစ်တပ်ရဲ့ တပ်စွဲပြီးအသွားအလာကန့်သတ်ပိတ်ပင်မှုတွေကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရပြီး စိုးရိမ်ထိန့်လန့်နေရပါတယ်။ AAနဲ့ ဗမာစစ်တပ်တို့တိုက်ပွဲဟာ တစ်နှစ်နီးပါးကြာမြင့်ပြီးဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုလည်း ဗမာစစ်တပ်ကပိတ်ဆို့ထားတာကြောင့် စားဝတ်နေရေးအခြေအနေလွန်စွာခက်ခဲနေကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ ကျေးရွာများမှ ရေကြောင်းဖြစ်စေ၊ကုန်းကြောင်းဖြစ်စေ ဘယ်လိုပဲသွားသွား ဗမာစစ်တပ်ကပိတ်ထားမို့ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။ဒေသခံရွာသားတွေဟာ နဂိုကျန်တဲ့ရိက္ခာတွေနဲ့ဖြစ်သလိုစားသောက်နေခဲ့ရကာ…

ဆက်လက်ဖြစ်ပွားနေဆဲနှစ်ဖက်တိုက်ပွဲအတွင်း AA ဘက်မှရေကြောင်းခရီးသွားလာမှု သတိပေးထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေကာ ဗမာစစ်တပ်ဘက်က အရပ်ဘက်လှေတွေကိုအသုံးချပြီး စစ်လက်နက်တွေ စစ်အင်အားတွေကို ရခိုင်ပြည်နယ်ရေကြောင်းခရီးတွင် တင်ဆောင်နေတာမို့ ရခိုင်ပြည်နယ်အတွင်းရေကြောင်းခရီးသွားလာမှုကို AA တပ်မတော်အား အကြောင်းကြားရန် AA ဘက်ကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ ထိုသို့ပြုလုပ်ရခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာဆက်လက်အရှိန်မြင့်လာနိုင်ခြေရှိလို့ သတိပေးထုတ်ပြန်တာဖြစ်ကြောင်း၊ အခုဗမာစစ်တပ်က ရိက္ခာတွေ၊ လက်နက်တွေ လူအင်အားတွေဖြည့်တဲ့အခါ စစ်သဘောင်္နဲ့တင်မဟုတ်ပဲ ဒေသခံတွေပိုင်တဲ့စက်လှေတွေကို…

မရပ်တန့်သေးတဲ့နှစ်ဖက်ပဋ္ဋိပက္ခတွေကြား အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲတို့ကြားကတိုက်ပွဲတွေဟာ ရပ်တန့်မှုမရှိပဲ ပိုမိုတင်းမားလာခဲ့ပြီး ဒေသခံပြည်သူတွေအားထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းများရှိနေတာမို့ ဝမ်းရေးအတွက်သွားလာရှာဖွေစားသောက်ဖို့ ခက်ခဲနေကြရှာပါတယ်။ နှစ်ဖက်အပစ်ခတ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပြီး တကယ်တမ်းကျတဖက်နဲ့တဖက် ခေါင်းရှောင်ကာ အပြစ်တင်ပြောဆိုခြင်းတွေကိုသာတွေ့နေရပြီး ရခိုင်ပြည်ကစစ်ပွဲတွေ ငြိမ်းချမ်းဖို့ဆိုတာ ဒေသခံပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ကင်းမဲ့နေသလိုပါပဲ။    မနေ့မနက် ၈နာရီလောက်က ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကြားနဲ့ မဆိုးချောင်းဒေသငစံဘော်ရွာကြားအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့်အရပ်သားကလေးငယ်တဦး…

ဗမာစစ်တပ်နဲ့ AA နှစ်ဖက်တိုက်ပွဲများကြား ဒေသခံရိုဟင်ဂျာများ ဒဏ်ရာရ

ရခိုင်ပြည်နယ်တွင် ယခုတိုင် မရပ်ဆဲနိုင် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမြဲဖြစ်တဲ့ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရာမှာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၉နာရီဝန်းကျင်က ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုဖြစ်တဲ့ ဆင်ခုန်းတိုင်းကျေးရွာတွင် ရိုဟင်ဂျာကလေးငယ်လေးတစ်ဦးနဲ့ နွားတစ်ကောင် ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အလားတူ အောက်တိုလာလ ၂၁ ရက်နေ့ ညနေ…

မန္တလေး-စစ်တွေ ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် ခရီးသည်(၃၁)ဦးကို AAဖမ်းဆီးခေါ်ဆောင်

မန္တလေးတိုင်းကနေ စစ်တွေမြို့ကို ပြန်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အများစုလိုက်ပါလာတဲ့ ခရီးသည်တင်ကားကို အားကစားဝတ်စုံ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်က အဝေးပြေးလမ်းမပေါ်မှာ တားဆီးခဲ့ပြီး ခရီးသည်၃၁ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ကြေငြာထားကြောင်း ပြည်တွင်း ပြည်ပသတင်း အရင်းမြစ်တွေအရ သိရပါတယ်။ စစ်တွေမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်ကားကို…

ဘူးသီးတောင်မြို့နယ်တွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့စစ်ပွဲတွေဟာ ယခုတိုင်ရပ်စဲမှုမရှိသေးပဲ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။မနေ့မနက်က ဘူးသီးတောင်မြို့နယ်အရှေ့ဘက် တံတားအလွန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကာ ကားလမ်းပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။  ဗမာစစ်တပ်ဘက်ကတော့ AA ဘက်မှ တိုက်ခိုက်ခဲ့တာလို့ပြောပြီး NLD ပါတီဥက္ကဌ ဦးရဲသိန်းကလည်း  မိုင်းပေါက်တဲ့နေရာဟာ ဘူးသီးတောင်မြို့နယ် NLD ရုံးသစ်နဲ့ သိပ်အကွာအဝေးကြီးလည်းမဟုတ် လုံခြုံရေးကင်းစခန်းတွေလည်းရှိတာမို့  AA…

ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တွင် ဒီကနေ့မနက်ပိုင်း ၁ နာရီကျော်လောက်က ဗမာစစ်တပ်နဲ့ AAတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက Rvision သို့သတင်းပေးပို့ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ကမ်းတောင်ရွာ၊ ကြာညိုပင်ကျေးရွာ၊ သရက်ပြင်ရွာနဲ့ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာ၊သာစည်၊ကျောက်တန်းရွာတို့မှာ တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကာ  ဗမာစစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုတော်တော်များများတွေ့ရပြီး AAတပ်ဖွဲ့ဘက်ကတော့တစုံတရာကိုမှမတွေ့ရကြောင် မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲနှစ်ခုကြားမှာ ဒေသခံပြည်သူတွေအား ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာမို့ လှေငယ်များအသုံးပြုကာ ရေလမ်းခရီးမှသွားလာရှာဖွေစားသောက်နေရကြောင်းသိရပါတယ်။…

Mission News Theme by Compete Themes.