Press "Enter" to skip to content

Posts tagged as “မြန်မာ”

ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားတွေကို တပ်ချုပ်အမိန့်နဲ့ လွှတ်ပေးခဲ့

၂၀၁၇ခုနှစ် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ မွတ်စလင် ၁၀ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ် (၁၀)နှစ် ကျခံရတဲ့ စစ်သား(၇)ဦးကို တစ်နှစ်မပြည့်ခင်မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ လွှတ်ပေးခဲ့တာဖြစ်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းအရင်းမြစ်တွေအရ သိရပါတယ်။ အင်းဒင်ရွာလူသတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ်…

ရမသွာန်(ဥပုသ်လ)တွင် ဘုရားပြင်အောင်ပကျေးရွာမှ ရိုဟင်ဂျာများ သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေရ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု ဘုရားပြင်အောင်ပကျေးရွာတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်များ ယခု ရမသွာန်(ဥပုသ်လ)မှာ ရေရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရတာကြောင့် နေ့စဉ် သောက်သုံးရေ အတွက်ပင် အခက်ခဲများရှိနေကြောင်း ဒေသခံရိုဟင်ဂျာတစ်ဦး သတင်းပေးပို့ထားပါတယ်။ ဘုရားပြင်အောင်ပကျေးရွာမှာ အိမ်ခြေစုစုပေါင်း (၈၀၀)ခန့်ရှိပြီး လူဦးရေပေါင်း (၅၀၀၀)ကျော်ခန့် နေထိုင်ကြပါတယ်။…

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား လူမဲ့ဇုန်မှာ လူမျိုးတုန်း သတ်ဖြတ်မှုရှောင် ရိုဟင်ဂျာတွေ ယနေ့ထိတိုင် ပိတ်မိနေ

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုရှောင် အင်အားနည်း ရိုဟင်ဂျာ မွတ်စလင်တွေ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာရှိတဲ့ လူမဲ့ဇုန်မှာ ယနေ့ထိတိုင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။ လူမျိုးတုန်းစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ရသူများထဲမှ ရိုဟင်ဂျာဦးရေပေါင်း နှစ်သိန်းခန့် လူမျိုးတုန်းသတ်ဖြတ်မှုဇုန် လို့သာ ခေါ်တွင်ရမယ့် ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့…

ရိုက်တာသတင်းထောက်နှစ်ဦး၏ အယူခံကို အင်္ဂါနေ့တွင် စီရင်ချက်ချမှတ်မည်

ရခိုင်ပြည်နယ် အနောက်ပိုင်းမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုကင်းမဲ့စွာ သတ်ဖြတ်မှုတွေပြုလုပ်တာကို စုံစမ်းဖော်ထုတ်ခဲ့တာကြောင့် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် အယူခံတင်ထားတာကို လာမယ့် အင်္ဂါနေ့မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိတဲ့ ကိုဝလုံးနှင့် အသက် ၂၈နှစ်အရွယ်ဖြစ်တဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အင်းဒင်မှာ…

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ထာဝရမိတ်ဆွေတွေဖြစ်ကြောင်း မြန်မာ့စစ်ခေါင်းဆောင် ပြောဆို

မြန်မာ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ထာဝရမိတ်ဆွေဖြစ်ကြောင်း အမွှမ်းတင်ပြောဆိုခဲ့ပြီး ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာက ဖိအားပေးနေချိန်မှာ မြန်မာဘက်က ရပ်တည်ပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံ ပေကျင်းခရီးစဉ်တွင်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စအတွက် နိုင်ငံတကာအသိုင်းဝိုင်းကိုဆန့်ကျင်ပြီး မြန်မာဘက်မှ ရပ်တည်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို…

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၂.၅သန်းကူညီထောက်ပံ့မည်

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကော့ဇ်ဘဇားမှာရှိတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်မှ လူမှုအသိုင်ဝိုင်းအတွက် လူသားချင်းစာနာ ကူညီထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၃၂.၅သန်း ပေးမည်ဟု ဂျပန်နိုင်ငံမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုခံရချိန်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း၅၀.၂သန်းခန့် ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။ ယခုထပ်မံပြီး ဒေါ်လာ ၃၂.၅သန်း လှူဒါန်းမှာဖြစ်ပြီး…

ရခိုင်ပြည်နယ်မှ ဖိနှိပ်မှုရှောင် ရိုဟင်ဂျာ(၆)ဦး ရန်ကုန်-စစ်တွေ အဝေးပြေးလမ်း၌ ဖမ်းဆီးခံရ

၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၉) ရက်နေ့တွင် စစ်တွေမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရိုးမ မန္တလာ ခရီးသည်ပို့ဆောင်ရေး ယာဉ်နှင့်လိုက်ပါလာသည့် ရခိုင်ပြည်နယ်မှ ဖိနှိပ်မှုရှောင် ရိုဟင်ဂျာ(၆)ဦးကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ပျဉ်ဝကျေးရွာအနီး နတ်ရေကန်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း News Watchတွင် ရေးသားဖော်ပြထားပါသည်။ ရခိုင်ပြည်နယ်တွင် နေ့စဉ်နှင့်အမျှ လူ့အခွင့်ရေး ချိုးဖောက်ခံနေရသည့်…

နှစ်နိုင်ငံနယ်စပ်လူမဲ့ဇုန်တွင် ရိုဟင်ဂျာများ သောင်မတင်ရေမကျ အခြေနေဖြင့်ကျန်ရှိနေ

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား ရခိုင်လက်နက်ကိုင် အဖွဲ့တို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေချိန်တွင် ထောင်နှင့်ချီသော ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လူမဲ့ဇုန်တွင် နေထိုင်ကြရသည်မှာ ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်၏ လူမျိုးတုန်းစစ်ဆင်ရေးပြုလုပ်ချိန် ၂၀၁၇ခုနှစ်မှစ၍ ရာထောင်ချီသော ရိုဟင်ဂျာမွတ်စလင်များ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရပြီး…

ဆော်ဒီအာရေဗျနိုင်ငံတွင်ရှိနေသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မပြန်ပို့နေ

ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များကို ဆော်ဒီအစိုးရမှ ဘင်္ဂါလီများဟု စွပ်စွဲကာ ထောင် (၅)နှစ်စီချခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မပြန်ပို့ရန် စီစဉ်နေကြောင်း သတင်းပေးပို့ ထားပါတယ်။ မြန်မာနိုင်ငံအစိုးရဧ။် ညှင်းပမ်းနှိပ်စက်မှု ခံနေကြရသော ရိုဟင်ဂျာ မွတ်စလင်များသည် မိမိတို့ အသက်ဘေးမှ လွှတ်မြောက်ရန် တစ်ခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ကြလျက်…

သာသနာရေးဝန်ကြီးရဲ့ မဆင်မခြင် ပြောဆိုမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ တုံ့ပြန်

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း  နေထိုင်တဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး  မြန်မာသာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့  နှိမ့်ချဝေဖန် ပြောဆိုမှုအတွက် ဘင်္ဂလားဒေ့ရှ်ဖက်မှ  ပြင်းထန်စွာ ကန့်ကွက်ခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်  နိုင်ငံခြားရေးဝန်ကြီးဌာနဧ။် ရေကြောင်းရေးရာ အတွင်းဝန်၊ ရေတပ်ဗိုလ်ချုပ်ကြီး(ငြိမ်း) Khurshed Alam က မြန်မာဝန်ကြီးတစ်ယောက်ရဲ့ ခွဲခြားဆက်ဆံမှုမြောက် တာဝန်မဲ့တဲ့ဖွင့်ဟချက် အပေါ်မကျေနပ်ကြောင်း  မြန်မာနိုင်ငံသံအမတ…

Mission News Theme by Compete Themes.