Press "Enter" to skip to content

Posts tagged as “မြန်မာနိုင်ငံ”

ထိုင်းနိုင်ငံတွင်ကျင်းပမဲ့ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံပါဝင်မည်

ထိုင်းနိုင်ငံမှာကျင်းပမဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ အမေရိကန်ဘက်က မကြာသေးခင်ကခန့်အပ်လိုက်တဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Robert C. O’Brien နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross တို့ကိုစေလွှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ အသင်းဝင်နိုင်ငံတွေအပြင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက အဆင့်မြင့်ခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာဖြစ်ပါတယ်။ ၄င်းညီလာခံတွင်…

H1N1 ရာသီတုပ်ကွေးကြောင့် မောင်တောမြို့နယ်တွင် ရိုဟင်ဂျာအမျိုးသမီးငယ် တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုဟာ H1N1 ရာသီတုပ်ကွေးရောဂါကို ကူးစက်ခံစားနေကြရပြီး ထိုရောဂါဖြစ်ပွားနေသူ ရိုဟင်ဂျာ အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ကျန်ရှိနေသူတစ်ချို့လည်း ကျန်းမာရေး ကူညီစောင့်ရှောက်မှုမရရှိပဲ ဖြစ်နေကြောင်း ROHINGYA EYEက သတင်းပေးပို့ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေများပြားနေချိန်မှာ မောင်တောမြို့နယ် ရက်ကွက် (၅)မှာ…

မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်ကျူးလွန်မှုအသစ်တွေ ဖြစ်နေတဲ့အလားအလာရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးပြောဆို

မြန်မာနိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်နယ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အဆင့်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့ပါတယ်။ ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်ဦးရေပေါင်း ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း…

ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသားရေး အစွန်းရောက်ဆရာတော် ဦးဝီရသူကို ဖမ်းဆီးရန်ရှာဖွေ

အစ္စလာမ်ဆန့်ကျင်ရေးတွေကိုသာ တစ်စိုက်မတ်မတ် လုပ်လေ့ရှိပြီး “Buddhist Bin Laden” လို့လည်း လူသိများတဲ့ အမျိုးသားရေး အစွန်းရောက် (မဘသ)ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်း အစိုးရ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲခဲ့တာကြောင့် အနောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရပါတယ်။…

ဒဂုံမြို့သစ်တောင်ပိုင်းရှိ အစ္စလာမ်တို့၏ ယာယီဝတ်ပြုဆောင်များတွင် ဝတ်ပြုမှုများကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရမ်မသွာန်(ဥပုသ်လ)တစ်လတာ ယာယီဝတ်ပြုခွင့်ပေးထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဘာသာရေးဝတ်ပြုဆောင် ၃ လုံးကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ခဲ့တာကြောင့် ဝတ်ပြုခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါတယ်။ အစ္စလာမ်ဘာသာဝင်ဦးရေ သောင်းကျော်ရှိတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်များအတွက် နေ့စဉ်ဝတ်ပြုရန် ဗလီဝတ်ကျောင်းတော် တည်ဆောက်ခွင့်မရသည့်အတွက်  ဥပုသ်လတွင် ယာယီဝတ်ပြုခွင့်နေရာများကို ကာလသတ်မှတ်ချက်ဖြင့်…

မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွစ်တာအကောင့် ပိတ်သိမ်းခံရ

မြန်မာနိုင်ငံ၏ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေ ကျူးလွန်ခဲ့တဲ့အပြင် ဆိုရှယ်မီဒီယာကနေတစ်ဆင့် လူမျိုးရေးမုန်းတီးမှု တွေဖြစ်ပေါ်စေမယ့် အမုန်းစကားတွေ ဖြန့်ဝေနေတဲ့အတွက် ၄င်းလက်ရှိ သုံးစွဲနေတဲ့ အကောင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တွစ်တာက ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…

ဝန်ကြီးချုပ် Sheikh Hasina က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ဖို့ မေတ္တာရပ်ခံ

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က ဘင်္ဂလားဒေ့ရှ်မှရိုဟင်ဂျားဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် Christine Schraner Burgener အား သူမရဲ့ ရုံးမှာ တွေ့ဆုံခဲ့ပြီး တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အနေနဲ့လာတဲ့ သံတမန်ကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က…

Mission News Theme by Compete Themes.